ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲအတွင်း ဥရောပမဟာမိတ်တွေဘက်က ကူညီမှု အားနည်းခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရုတေးကို ကြာသပတေး နေ့က ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က အီတလီ၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့အပေါ် စိတ်ပျက်မိသလို စပိန်နိုင်ငံကို လည်း ဝေဖန်ခဲ့ပြီး အခုလို လုံခြုံရေး အကျပ်အတည်းကြုံနေရချိန်မှာ မဟာမိတ်တွေရဲ့ ကူညီပံ့ပိုးမှုဟာ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ဘူးလို့ ဆိုပါတယ်။

ဒီထက်မက ပိုပြီးအားကောင်းတဲ့ ထောက်ခံကူညီမှုမျိုး ရသင့်တာဖြစ်ပြီး စစ်ပွဲအတွင်းမှာ မဟာ မိတ်တွေဘက်က အကူအညီပေးဖို့ ပွင့်ပွင့်လင်းလင်း ကမ်းလှမ်းခဲ့ရင် ပိုကောင်းမှာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အခုလို ဝေဖန်ခဲ့ပေမဲ့လည်း နေတိုးအကြီးအကဲ မာ့ခ်ရုတေးအပေါ် ဆက်လက်လေးစားမှုရှိပြီး အ မေရိကန်နဲ့ နေတိုးခေါင်းဆောင်ပိုင်းကြား ဆွေးနွေးမှုတွေကို ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

နေတိုးအကြီးအကဲ မာ့ခ်ရုတေးက ဥရောပမဟာမိတ်တွေရဲ့ အခန်းကဏ္ဍကို ကာကွယ်ပြောဆိုခဲ့ ပြီး စစ်ပွဲအတွင်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုတွေကို ချီးကျူးခဲ့ပါတယ်။

အခုစစ်ပွဲကြောင့် အီရန်ရဲ့ နျူကလီးယားစွမ်းဆောင်ရည်ကို သိသိသာသာ လျှော့ချနိုင်ခဲ့တာကို G7 ခေါင်းဆောင်တွေကလည်း အသိအမှတ်ပြုကြတယ်လို့ ၎င်းက ဆိုပါတယ်။

အီရန်လက်ထဲ ရောက်လုနီးပါးဖြစ်နေတဲ့ နျူကလီးယားစွမ်းဆောင်ရည်ကို နှိမ်နင်းနိုင်ခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုကို သူက ထောက်ခံခဲ့ပါတယ်။

၆ ပတ်ကြာ စစ်ပွဲအတွင်းမှာ အမေရိကန်စစ်လေယာဉ်ပေါင်း ၄,၀၀၀ ကနေ ၅,၀၀၀ ခန့်ဟာ ဥရော ပမှာရှိတဲ့ အခြေစိုက်စခန်းတွေကို အသုံးပြုပြီး ပျံသန်းခဲ့ရတာမို့ ဥရောပဘက်က ထောက်ပံ့ပို့ဆောင်ရေးနဲ့ စစ်ဆင်ရေးပိုင်းမှာ အများကြီး ကူညီပေးခဲ့တာလို့ ၎င်းက ထောက်ပြပါတယ်။

ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်လို လေဆိပ်တွေမှာတောင် စစ်ရေးလိုအပ်ချက်တွေအတွက် အရပ် ဘက်လေကြောင်းလိုင်းတွေကို ပြင်ဆင်ပေးခဲ့ရတယ်လို့ သူက ဆိုပြီး အားနည်းချက် တချို့ရှိခဲ့ပေမဲ့ ခြုံငုံ ကြည့်ရင်တော့ အီရန်စစ်ပွဲအတွင်း ဥရောပမဟာမိတ်တွေဟာ အမေရိကန်နဲ့အတူ ရပ်တည်ခဲ့ကြတယ်လို့ ပြောပါတယ်။

ကိုးကား – India Today
Ref; Allies let US down during Iran war, Donald Trump tells NATO chief Mark Rutte