ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ စစ်ဆေးရေးမှူးတွေကို နိုင်ငံတွင်း ပြန် လည်ဝင်ရောက်ခွင့်ပြုဖို့ သဘောတူညီခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောကြားချက်ကို အီရန်နိုင်ငံက ငြင်း ဆိုလိုက်ပါတယ်။

ဒီငြင်းဆိုမှုဟာ နှစ်နိုင်ငံဆွေးနွေးပွဲမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ အမေရိ ကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်ဟာ IAEA စစ်ဆေးရေးမှူးတွေကို ပြန်လည်ဖိတ်ခေါ်ဖို့ သဘောတူ ခဲ့ပြီလို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပဋိပက္ခကို အဆုံးသတ်ဖို့ ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာအရ အမေရိကန်နဲ့ အီရန်တို့ဟာ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်ရရှိရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ သဘော တူထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့်က အီရန်ရဲ့ ရေနံစိမ်းနဲ့ ရေနံဓာတုပစ္စည်းတွေ ထုတ်လုပ်ခြင်း၊ ပို့ဆောင်ခြင်းနဲ့ ရောင်းချခြင်းတို့ကို ခွင့်ပြုတဲ့ ရက် ၆၀ အထွေထွေလိုင်စင် ထုတ်ပြန်ပေးခဲ့ ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က အနာဂတ်ကာလအထိ နျူကလီးယားဆိုင်ရာ ရိုးသားမှု ရှိစေဖို့ အီရန်အ နေနဲ့ အဓိကလက်နက်စစ်ဆေးမှုတွေကို ခွင့်ပြုဖို့ သဘောတူလိမ့်မယ်ဆိုတာ လူတိုင်း အပြည့်အဝသိကြ ပါတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာဂါရီက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန်ရဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးအရ တိုက် ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အီရန်ရဲ့ နျူကလီးယားအဆောက်အအုံတွေကို IAEA အနေနဲ့ လာရောက် စစ်ဆေးခွင့်ပြုဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ ရပ်တည်ချက်တွေက အလွန်ကွာဟနေတာကြောင့် ဒီတစ်ပတ်အကုန်အထိ ဆက် လက်ပြုလုပ်သွားမယ့် ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတစ်စုံတစ်ရာ ရှိလာမလားဆိုတာကတော့ စောင့် ကြည့်ရမယ့် အချက်ဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Iran says it has no plans to let IAEA inspectors into the country