ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

မြန်မာနယ်စပ်အနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း ၅,၃၀၀ ကျော် ပိတ်မိနေဆဲပဲလို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ CSNHTV က ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နိုင်ငံတကာပူးပေါင်းနှိမ်နင်းမှုအတွင်း ကျားဖြန့်လုပ်ငန်းတွေကနေ လူပေါင်းထောင် ချီ လွတ်မြောက်ခဲ့ပြီးနောက်ပိုင်း အခုလို ထပ်မံပိတ်မိနေတာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ပိတ်မိ နေသူအများစုဟာ နိုင်ငံခြားသားတွေဖြစ်ပြီး မြန်မာပြည်တွင်းက DKBA အဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာ ၄ ခုမှာ ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။

အဲဒီအထဲမှာ တရုတ်နိုင်ငံသား ၁,၆၀၀ ခန့်၊ မြန်မာ ၂၀၀ ခန့်၊ ထိုင်း ၂၀ ခန့်အပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရာဇီး၊ ရုရှား၊ ကင်ညာ၊ ယူဂန်ဒါ၊ ရဝမ်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေ ပါဝင်နေပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှက အွန်လိုင်းငွေ လိမ်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းက လူတွေကို အွန်လိုင်းကနေ လိမ်လည်ပြီး တစ်နှစ်ကို ဒေါ်လာဘီလီယံ နဲ့ချီ ဝင်ငွေရှာနေကြတာပါ။

ကျားဖြန့်လုပ်ငန်းအများစုဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုကို ခံရတဲ့ နိုင်ငံခြားသားတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။

၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ နယ်စပ်တစ်လျှောက်က ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဒေသတွင်း ကြိုးပမ်းမှုတွေကို ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံ မြဝတီဒေသက ငွေလိမ်စက်ရုံတွေထဲကနေ လူပေါင်း ၅,၀၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ဒီတရားမဝင်လုပ်ငန်းတွေက ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းအများအပြားဟာ အခုထက်ထိ ဖြိုဖျက်ခံရခြင်း မရှိသေးသလို ပိတ်မိနေသူတွေ ကို ကယ်တင်တဲ့ လုပ်ငန်းစဉ်တွေလည်း မရှိသေးပါဘူး။

ဒီရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေကို ဆက်လုပ်နေပြီး ကမ္ဘာတစ် ဝန်း အထူးသဖြင့် အမေရိကန်နဲ့ ဥရောပက လူတွေကို ဒုက္ခပေးနေပါတယ်။

ကိုးကား – Reuters
Ref; Over 5,300 people trapped in Myanmar scam centres near Thai border, says rights group