ဧရာဝတီတိုင်းမ်
ဇွန် ၂၄ရက်
ဧရာဝတီတိုင်း၊ ဘောမိချောင်းဒေသရှိ သာပေါင်းလေးကို ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာသော်လည်း ကစဉ့်ကလျား တပ်ဆုတ်ပြေးခဲ့ရကြောင်း သိရသည်။
ရေလးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် ဇွန် တတိယပတ်က သာပေါင်းလေးဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာရာ အာရက္ခတပ်တော် (AA) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့်အတွက် တပ်လန်ဆုတ်ပြေးခဲ့ရသည်။
”သွေးတိုးစမ်းပြီး တက်လာတာမှာ စစ်တပ်က ပရမ်း ပတာ ပြန်ဆုတ်ပြေးရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် စစ်တပ်သည် ၎င်းတို့ လက်နက်ကြီးအထိုင်ချထားသည့် ချက်ပွိုင့်နှင့် ငေါတောင်တို့မှနေ၍ တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးပစ်ကူများဆက် တိုက်ပစ်ခတ်ပေးခဲ့သည့်အပြင် လေကြောင်း ပစ်ကူများပါ ခေါ်ယူခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်တပ်က သာပေါင်းဒေသတွင်စစ်ကြောင်းများ တပ်ဖြန့် နေရာယူလာပြီး ယခုအခါရေတပ်စခန်းအထိုင်ချရန်ပါပြင်ဆင်လျက်ရှိသည်။ ပြီးခဲ့သည့် ဇွန် ၂၁ ရက်က သာပေါင်းအပိုင် ခေနံရွာတွင် ရေတပ်စခန်းချရန် အုပ် ချုပ်ရေးမှူးများနှင့်ဆွေးနွေးခဲ့ပြီးနောက် စက်ဒေါင့်ကြီးတစ်ဘက်ကမ်းတွင်ရှိသည့် ညောင်ကွင်းတွင် မြေနေရာသတ်မှတ်ပြီး အလံများစိုက်လိုက်ကြောင်း သိရသည်။
ထို့အပြင် စက်ဒေါင့်ကြီးရွာအထက်တန်းကျောင်း အနီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဓမ္မာရုံနှင့် ရွာအဝင် စေတီအနီးရှိ ဓမ္မာရုံတို့တွင် စစ်တပ်က တပ်စခန်း ချထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်