ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
ကာတာနိုင်ငံရဲ့ အဓိက သဘာဝဓာတ်ငွေ့ရည် (LNG) ချက်စက်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ တာကြောင့် လူ ၅၄ ဦး ဒဏ်ရာရရှိပြီး ၁၈ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက် ပါတယ်။
ရက်စ်လာဖန်စက်မှုမြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီပေါက်ကွဲမှုအပြီး ပျောက်ဆုံးနေသူတွေကို ရှာ ဖွေဖို့ ကာတာနိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ထားတယ်လို့ ကာတာပြည်ထဲရေးဝန် ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရတဲ့သူတွေရဲ့ အခြေအနေကို ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ခြင်းမရှိပေမဲ့ ဒီဖြစ်စဉ် ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။
အရင်ဦးဆုံး ထုတ်ပြန်ချက်မှာတော့ အခင်းဖြစ်နေရာကို သွားရောက်ကူညီခဲ့တဲ့ အရပ်ဘက်ကာ ကွယ်ရေးအဖွဲ့တွေက ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ပြောခဲ့ကြတာပါ။
ဒါပေမဲ့ ပြည်သူလူထု ဘေးကင်းလုံခြုံရေးကို အန္တရာယ်ပေးနိုင်လောက်တဲ့ ဓာတ်ငွေ့ယိုစိမ့်မှုမျိုး တော့ စက်ရုံကနေ ဖြစ်မလာခဲ့ဘူးလို့ ဝန်ကြီးဌာနက အတည်ပြုပါတယ်။
ဒီစက်မှုဇုန်ကို စီမံခန့်ခွဲတဲ့ QatarEnergy ကတော့ ဘာဇန်စက်ရုံ ပေါက်ကွဲပြီးချင်းမှာပဲ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်းစေလွှတ်ပြီး မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒိုဟာမြို့မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာမှာရှိတဲ့ ရက်စ်လာဖန်စက်မှုမြို့တော်ဟာ ကမ္ဘာ့ ထောက်ပံ့မှု ပမာဏရဲ့ ငါးပုံတစ်ပုံခန့်ကို ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့ရာနေရာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လမှာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ဒီစက်မှုဇုန်ဟာ အကြီးအ ကျယ် ပျက်စီးဆုံးရှုံးမှုကြုံခဲ့ရတယ်လို့ ကာတာအစိုးရက ကြေညာခဲ့ပါသေးတယ်။
ကိုးကား – Al Jazeera
Ref; Qatar LNG factory explosion injures 54, leaves 18 missing, gov’t says