ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကျင်းပတဲ့ ၆ လတာကာလအတွင်း အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရမှု ဟာ မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂက ဇွန်လ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့ ဩဂုတ်လကနေ မဲပေးမှု တွေပြီးဆုံးခဲ့တဲ့ ဇန်နဝါရီလကုန်အထိ ကာလကို ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်မှာ အဲဒီကာ လအတွင်း အရပ်သား အနည်းဆုံး ၇၀၂ ဦး သေဆုံးခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းမြစ်တွေကနေ အတည်ပြု နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၂၄ ဦးနဲ့ ကလေး ၁၅၃ ဦး ပါဝင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေးရုံးရဲ့ အစီရင်ခံစာက ဆိုပြီး လေကြောင်းတိုက်ခိုက်မှုတွေဟာ ပျက်စီးဆုံးရှုံးမှုနဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်စေတဲ့ အဓိကအကျဆုံး အကြောင်းရင်းအဖြစ် ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၇၅ ဦးနဲ့ ကလေး ၁၁၂ ဦး အပါအဝင် အရပ်သား အနည်းဆုံး ၅၀၅ ဦး သေဆုံးခဲ့ရပြီး ဒါဟာ စုစုပေါင်း သေဆုံးမှုရဲ့ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒီတိုက်ခိုက်မှု တွေကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ပါရာမော်တာတွေနဲ့ ဂျိုင်ရိုကော့ပတာတွေ သုံးပြီး လုပ်ဆောင်ခဲ့ တာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက “အဲဒီ သေဆုံးသူ ၇၀၂ ဦးစလုံးဟာ မြန်မာစစ်တပ် ကြောင့် ဖြစ်ရတာပါ။ ဒါပေမဲ့ ဒါဟာ တခြားလက်နက်ကိုင်အဖွဲ့တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု လုံးဝမရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေး ကောက်ခံအစိုးရကို ဖြုတ်ချကာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အကူးအပြောင်းကာလကို အဆုံးသတ် ပြီးနောက်ပိုင်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို စစ်တပ်က ၅ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး အဲဒီနောက်ပိုင်း ကန့် သတ်ချက်တွေ အလွန်များပြားတဲ့ ရွေးကောက်ပွဲကို စစ်အုပ်စုက ကျင်းပပေးခဲ့ကာ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေကပဲ အနိုင်ရရှိခဲ့ပါတယ်။
ကိုးကား – Hurriyet Daily
Ref; Myanmar army killed over 700 civilians in six months: UN