ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုဟာ နယ်စပ်ကနေ ကီလို မီတာ ၂,၀၀၀ ကျော်ဝေးတဲ့ ရုရှားရဲ့ ရေနံချက်စက်ရုံတစ်ခုကို ထိမှန်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီစက်ရုံဟာ ဆိုင်ဘေးရီးယားအနောက်ပိုင်း တျူမင်ဒေသမှာ ရှိတာဖြစ်တယ်လို့ စနေနေ့ ဗီဒီယို မိန့်ခွန်းမှာ ၎င်းက ပြောပါတယ်။

ဒီစစ်ဆင်ရေးမှာ ယူကရိန်းစစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ပြီး ကီလိုမီတာ ၃,၀၀၀ အ ထိ ပျံသန်းနိုင်အောင် မွမ်းမံထားတဲ့ ဒရုန်းအသစ်တွေကို သုံးခဲ့တာလို့ သူက ဖွင့်ဟခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်တာဟာ ယူကရိန်းကို ရုရှားက လာရောက်တိုက်ခိုက်နေတာတွေအတွက် လုံးဝတ ရားမျှတတဲ့ တုံ့ပြန်မှုဖြစ်တယ်လို့လည်း သူက အလေးအနက် ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားက တစ်ဖက်သတ်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားတောင်ပိုင်းဒေသက ရေနံ လှောင်ကန်တစ်ခုအပါအဝင် တခြားပစ်မှတ်တွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ တနင်္ဂနွေနေ့က လူ မှုကွန်ရက်စာမျက်နှာမှာ သူက ထပ်မံကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း မော်စကိုမြို့က ရေနံချက်စက်ရုံတစ်ခုကို ယူကရိန်းက တိုက်ခို က်ခဲ့ပါသေးတယ်။

ကျွမ်းကျင်သူတွေကတော့ အခုလို ရုရှားရဲ့ ရေနံနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေကို ဆက်တို က် တိုက်ခိုက်ခြင်းအားဖြင့် ရုရှားကို ငြိမ်းချမ်းရေးလက်ခံလာအောင် ဖိအားပေးနိုင်ဖို့ ယူကရိန်းက မျှော် လင့်နေတာလို့ သုံးသပ်ကြပါတယ်။

တစ်ဖက်မှာလည်း စနေနေ့အထိ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအရပ်သား ၇ ဦး သေ ဆုံးခဲ့ပါတယ်။

ရုရှားကလည်း အကြီးအကျယ် ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်နေတာကြောင့် လေကြောင်းရန်သတိ ပေးချက်တွေကို အထူးဂရုစိုက်ကြဖို့ ပြည်သူတွေကို ဇီလန်စကီးက တိုက်တွန်းထားပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Ukraine drone attack hits Russia oil facility 2,000 km from border