ဧရာဝတီတိုင်းမ်
ဇွန်၂၁ ရက်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားဟာ လာမယ့်ရက်ပိုင်းအတွင်း အကြီးအကျယ် တိုက် ခိုက်ဖို့ ပြင်ဆင်နေတာကြောင့် လေကြောင်းသတိ ပေးချက်တွေကို အထူးဂရုစိုက်ကြဖို့ ပြည်သူတွေ ကို တိုက်တွန်းလိုက်ပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံအနှံ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး အရပ်သားတွေ သေဆုံး နေရသလို ယူကရိန်းကလည်း ရုရှားနိုင်ငံ တျူမင်ဒေသက ရေနံချက်စက်ရုံတစ်ခုကို အောင်မြင်စွာ တုံ့ပြန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သူက အတည်ပြုပါတယ်။

ရုရှားဟာ ဘီလာရုစ်နိုင်ငံကိုလည်း စစ်ပွဲထဲ ဆွဲသွင်းနေတယ်လို့ ဇီလန်စကီးက စွပ်စွဲလိုက်ပြီး ဘီ လာရုစ်နယ်စပ်မှာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားဒရုန်းတွေကို လမ်းညွှန်ပေးတဲ့ စက်ပစ္စည်းတွေ ရှိ နေတယ်လို့ သတိပေးပါတယ်။

ရုရှားဒရုန်းလမ်းညွှန်စက်တွေကို ဖယ်ရှားဖို့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုကို တစ် ပတ် အချိန်ပေးထားပြီး တကယ်လို့ မဖယ်ရှားရင် ယူကရိန်းက ရှင်းလင်းပစ်မယ်လို့ ၎င်းက X လူမှုကွန် ရက်ကနေ သတိပေးပါတယ်။

ဘီလာရုစ်ဟာ ရုရှားဆီကို ဓာတ်ဆီ တင်ပို့မှု ၁၃ ဆနဲ့ ဒီဇယ်တင်ပို့မှု ၃ ဆအထိ တိုးမြှင့်ပေးခဲ့ပြီး အခုလို စက်မှုလုပ်ငန်းပိုင်းကပါ ကူညီပေးနေတာဟာ စစ်ပွဲမှာ ရုရှားကို အားသာစေတယ်လို့ သူက ထောက်ပြထားပါတယ်။

“ယူကရိန်းနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသနှစ်ခုမှာ ကျွန်တော်တို့ ပြည်သူတွေကို တိုက်ခိုက်ဖို့ လမ်းညွှန်ပေးနေတဲ့ စက်ပစ္စည်းတွေ ရှိနေပါတယ်။ သူ အဲဒီပစ္စည်းတွေကို ဖယ်ရှားရပါမယ်။ ဒါတွေကို ဖယ် ရှားဖို့အတွက် သူ့အတွက် တစ်ပတ်အချိန်ဆိုရင် လုံလောက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ၎င်း က ဆိုပါတယ်။

ကိုးကား – TRT World
Ref; Zelenskyy warns of massive Russian attack on Ukraine in coming days