ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်

အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်သို့ လက်နက်ရောင်းချမယ့် အစီအစဉ်သစ်ကို မကြာခင်မှာ အ တည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုင်ပေမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံ ပွဲအတွင်းမှာ သူက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

အမေရိကန်ရဲ့ လက်နက်ရောင်းချခွင့်ပြုရေး လုပ်ငန်းစဉ်တွေဟာ တိုးတက်မှုရှိနေပြီး ထိုင်ဝမ်အ နေနဲ့ လက်နက်ဝယ်ယူတာဟာ လက်နက်ရဖို့တင်မကဘဲ နိုင်ငံတကာအသိုင်းအဝိုင်းကို အရေးကြီးတဲ့ မ ဟာဗျူဟာမြောက် သတင်းစကားပါးလိုက်တာလည်း ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးဟာ ထိုင်ဝမ်တစ်နိုင်ငံတည်းရဲ့ ကိစ္စမဟုတ်ဘဲ အာရှ-ပစိဖိတ် ဒေသ လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံးမှာ တာဝန်ရှိတယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။

ထိုင်ဝမ်နဲ့ ဂျပန်ဟာ ပထဝီအနေအထားအရ နီးစပ်သလို တန်ဖိုးထားမှုချင်းလည်း တူညီတာ ကြောင့် ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ စီးပွားရေးလုံခြုံရေး ကဏ္ဍတွေမှာ ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိသလို အခြားဒီမိုကရေစီနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လအစောပိုင်းက တရုတ်အစိုးရရဲ့ သင်္ဘောတွေဟာ ထိုင်ဝမ်ရဲ့ အရှေ့ဘက်ပင်လယ်ပြင်မှာ စစ်ရေးအရ ဖိအားပေးတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဟာ ဒေသတွင်းအတွက် အကြီးမားဆုံး စိုးရိမ်စရာနဲ့ တစ်ခုတည်းသော ခြိမ်းခြောက်မှု ဖြစ်တယ်လို့ လိုင်ချင်တေးက ပြစ်တင်ပြောဆိုခဲ့ပြီး တရုတ်ရဲ့ တရားမဝင် လုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားချင်တယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Taiwan President Lai hopes US will soon approve new arms sales package