ဧရာဝတီတိုင်းမ်
‎ဇွန် ၂၀ ရက်


‎ဟယ်ရီပေါ်တာဘာသာပြန်စာအုပ်အပါအဝင် ကဗျာ၊ စာပေမျိုးစုံရေးသားသူ စာရေးဆရာ မင်းခိုက်စိုးစန် (အမည်ရင်း -ကျော်စိုး) သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့၌ ယနေ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

စာရေးဆရာ မင်းခိုက်စိုးစန် (ကလောင်အမည်ခွဲ သတိုးတေဇ / ဇော်နိုင်ငံစိုး) သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့တွင် ဒေသစံတော်ချိန် ဇွန် ၁၉ ရက် ဒေသစံတော်ချိန် ၈ နာရီ ၇ မိနစ်တွင် ကွယ်လွန်သွားကြောင်းစာပေအသိုင်းအဝိုင်းထံမှ သိရသည်။


လူရွယ်မျိုးစုံကြိုက်နှစ်သက်သော ဟယ်ရီပေါ်တာဇာတ်လမ်းတွဲများထဲမှ ဟယ်ရီပေါ်တာနှင့် မိစ္ဆာခန်းဆောင်စာအုပ်ကို ဘာသာပြန်ခဲ့သူဖြစ်သည်။

သူ့အနေဖြင့် ဘာသာပြန်၊ ဝတ္ထုတို၊ ဟာသစာပေမျိုးစုံရေးသားကာ လူငယ်စာပေဟောပြောပွဲများလည်း ပြောကြားခဲ့သူဖြစ်သည်။

ထို့ပြင်နာမည်ကြီးစာအုပ်အများအပြားကို ရေးသားခဲ့သူဖြစ်ပြီး လွမ်းလို့သေသွားတဲ့သစ်ပင်၊ သုည အပါအဝင် ဝတ္ထုတိုစာအုပ်များကိုလည်း လူကြိုက်များသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်