ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာတာနိုင်ငံကနေ ဝယ်ပြီး မွမ်းမံထားတဲ့ ယာယီ Air Force One လေယာဉ်သစ်ကို မိတ်ဆက်လိုက်ပြီး လာမယ့်လမှာ စတင်စီးနင်းမှာ ဖြစ်ပါတယ်။ ဘိုအင်း ကုမ္ပဏီကနေ မှာထားတဲ့ လေယာဉ်သစ်တွေကတော့ ၂၀၂၈ ခုနှစ်မှ ရောက်မှာပါ။
ဒီလေယာဉ်သစ်မှာ အနှစ် ၄၀ နီးပါးသုံးခဲ့တဲ့ အပြာနုရောင်အဟောင်းအစား အမေရိကန်အလံအ တိုင်း အနီ၊ အဖြူ၊ အပြာရင့်ရောင်တွေ ပြောင်းလဲခြယ်သထားပါတယ်။
ဒေါ်နယ်ထရမ့်က ဒီလေယာဉ်သစ်ဟာ အရင်လေယာဉ်ထက် အရွယ်အစား နှစ်ဆနီးပါး ပိုကြီးပြီး အမေရိကန်နိုင်ငံ့အလံအရောင်ကို သဘောကျလို့ ဆေးရောင်အသစ် ပြောင်းလဲခဲ့တာလို့ ပြောပါတယ်။
အမေရိကန်လေတပ်ကတော့ ဒီလေယာဉ်ကို သမ္မတ မစီးခင် နောက်ဆုံးစစ်ဆေးမှုတွေ လုပ်နေ ပြီး လုံခြုံရေးစံနှုန်းတွေ ပြည့်မီအောင် စနစ်တကျ မွမ်းမံထားတယ်လို့ ဆိုပါတယ်။
ဘိုးအင်းလေယာဉ်တွေ ကြန့်ကြာနေလို့ ဒေါ်နယ်ထရမ့်က ကာတာစော်ဘွားဆီကနေ ပျံသန်းချိန် နည်းသေးတဲ့ ဒီလေယာဉ်ကြီးကို ဝယ်ယူခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် အခုလို လုပ် ခဲ့တာလို့ ပြောပါတယ်။
ဒီလေယာဉ်သစ်ဟာ လာမယ့် ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့မှာ ပျံသန်းပြသမှာဖြစ်သလို နေတိုး အစည်းအဝေးခရီးစဉ်ကိုလည်း ဒီလေယာဉ်နဲ့ပဲ သွားမှာပါ။ ပြီးခဲ့တဲ့ G7 ခရီးစဉ်ကတော့ လေယာဉ်အ ဟောင်းရဲ့ နောက်ဆုံးခရီးစဉ် ဖြစ်ခဲ့ပါတယ်။
ဒီလေယာဉ်ရဲ့ လုံခြုံရေးမွမ်းမံမှုစရိတ်ဟာ ဒေါ်လာ သန်း ၄၀၀ အောက်ပဲ ကုန်ကျခဲ့ပြီး အခုလို ကြားဖြတ်သုံးစွဲခြင်းက လေယာဉ်အဟောင်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တယ်လို့ လေတပ်က ပြောပါတယ်။
ကိုးကား – India Today
Ref; Trump unveils refurbished Qatar jet as temporary Air Force One