ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ကို စစ်အုပ်စုထိန်းချုပ်ထားတဲ့ နေပြည်တော်မှာ အကျဉ်းချခံထားရစဉ် သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ဂျူလီဘစ်ရှော့ပ်က က ဇွန်လ ၁၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
“၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပေမဲ့ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို နေပြည်တော်အစိုးရဆီ ကျွန်မ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါ တယ်” လို့ မြန်မာနိုင်ငံဆီ စတုတ္ထအကြိမ်မြောက် သွားရောက်ခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အ ကြာမှာ ၎င်းက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သီးခြားအ တည်ပြုနိုင်တဲ့ သတင်းထုတ်ပြန်ချက်တွေ လုံးဝမရှိခဲ့ပါဘူး။ ဒီနေ့ ကျရောက်တဲ့ သူမရဲ့ ၈၁ နှစ်ပြည့် မွေး နေ့မှာ သူမကို ပြန်လွှတ်ပေးဖို့ ကျွန်မနဲ့အတူ အားလုံး ပူးပေါင်းတောင်းဆိုကြဖို့ တိုက်တွန်းပါတယ်” လို့ ဂျူ လီဘစ်ရှော့ပ်က ဆိုပါတယ်။
“လူအများစုရဲ့ အမြင်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်း ချထားသရွေ့ ငြိမ်းချမ်းရေးအတွက် ဘာတိုးတက်မှုမှ ရှိလာမှာ မဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ ဒီမိုကရေစီ အတိုက်အခံတွေကို ပိတ်ပင်ပြီးမှ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင် က ထောင်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံထားရတဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားပြီလို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထားရှိတယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူ သက်ရှိထင်ရှား ရှိနေ သေးကြောင်း အထောက်အထားပြဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။
ကိုးကား – AFP
Ref; UN envoy calls for release of Myanmar’s ex-leader Aung San Suu Kyi on her 81st birthday