ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
မြန်မာနိုင်ငံတွင်တပ်ဆင်ထုတ်နေရန် ခင်သီရိသက်မွန်တင်သွင်းသည့် Leap Motor EV ကား၏ တရုတ်နိုင်ငံရှိ ကုမ္ပဏီသို့ ရွေးတုသမ္မတ မင်းအောင်လှိုင်က ယနေ့ သွားရောက်ကြည့်ရှုကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေသော ရွေးတုသမ္မတမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ Leapmotor မော်တော်ကားစက်ရုံကို သွားရောက်ကြည့်ရှူ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Leapmotor နှင့် MG (Morris Garages) အမှတ်တံဆိပ်မော်တော်ကားများကို တရားဝင်တင်သွင်းဖြန့်ချိနေသည့် NPK Motor ကုမ္ပဏီ၏ အဓိကပိုင်ရှင်မှာ ရွေးတုသမ္မတ မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန်ဖြစ်ပြီး ကုမ္ပဏီစီမံခန့်ခွဲမှု ဦးဆောင်ပါဝင်သူမှာ မင်းသမီးဝတ်မှုံရွှေရည်၏ ယောင်္ကျား ဦးနိုင်ဖြိုးကျော်ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် Leapmotor ကို Zhu Jiangming ကတည်ထောင်ပြီး ကမ္ဘာ့မော်တော်ကား ကုမ္ပဏီကြီး Stellantis ကလည်း အဓိကရှယ်ယာရှင်ကြီးအဖြစ် ပူးပေါင်းပိုင်ဆိုင်ထားကြောင်းသိရသည်။