ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၈၁ နှစ်မွေးနေ့ကို EU အဖွဲ့ဝင်နိုင်ငံများကဂုဏ်ပြုဆုတောင်းပေးကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံ ထားရသူများကို ခြွင်းချက်မရှိလွတ်ပေးရန် NUG နှင့် နိုင်ငံတကာသံရုံးများက တောင်းဆိုလိုက်သည်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် EU ၊ဗြိတိန်၊ ဆွစ်ဇာလန်၊ ဂျမဏီ ၊ပြင်သစ် ၊ ဩစတြေးလျ၊ ကနေဒါနှင့် နော်ဝေးသံရုံးတို့ပါဝင်သည်။

 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် သက်ဆိုင်ရာသံရုံးများ၏ လူမှုကွန်ရက်စာမျက်နှာတွင် နှင်းဆီပန်းပုံတင်ကာ ဂုဏ်ပြုဆုတောင်းခဲ့ကြခြင်းဖြစ်သည်။

 

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးရန်၊ ဆေးကုသမှုခံယူနိုင်စေရန်၊ နိုင်ငံရေးအကျဉ်း သားအားလုံးကိုလွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကိုချက်ချင်း ရပ်တန့်ရန်တောင်းဆိုကြောင်း ကနေဒါသံရုံးက ထုတ်ပြန်သည်။

 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ၏အသိအမှတ်ပြုမှုကို ယခုချိန်ရရှိထားဆဲဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုခရီးတလျှောက်တွင် စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နေအိမ်အကျယ်ချုပ်ထားရှိခြင်းနှင့် အသက်အန္တာရယ်ခြိမ်းခြောက်ခြင်းကို လက်ရှိအချိန်ထိခံနေရဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်သည်။

 

ပြည်သူလူထု၏မေတ္တာထားအသိအမှတ်ပြုခံထားရသူ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကိုအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ရေး၊ ပြည်သူလူထုတိုက်ခိုက်မှုများရပ်တန့်ရေးနှင့် အဓမ္မစစ်သားစုဆောင်းနေမှုများကို အမြန်ဆုံးရပ်တန့်ရန် NUG အစိုးရထုတ်ပြန်ထားသည်။

 

စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ ငါး နှစ် လေး လ နှင့် ၁၈ ရက်ကြာဖမ်းဆီးခံထားရသည်။