ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ စစ်ပွဲကို ရပ် တန့်ဖို့အတွက် နားလည်မှုစာချွန်လွှာ (MOU) တစ်စောင်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးအပြီး ပါရီမြို့အနီးက ဗာ ဆိုင်းနန်းတော် ညစာစားပွဲမှာ ဒေါ်နယ်ထရမ့်က ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။
အီရန်သမ္မတ ပီဇက်ရှကီယန်ကလည်း ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ဒီစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ဒီစာချွန်လွှာရဲ့ အကြောင်းအရာတွေကို သတင်းထောက် တွေကို ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။
ဒီစာချွန်လွှာမှာ အချက် ၁၄ ချက် ပါဝင်ပြီး အဓိကအချက်ကတော့ ဟော်မုဇ်ရေလက်ကြား ဖြတ် သန်းသွားလာရေး ဖြစ်ပါတယ်။ အီရန်အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ကုန်သွယ်ရေးသင်္ဘောတွေကို အခမဲ့ ဘေးကင်းစွာ ဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ဖြတ်သန်းခနဲ့ ဝန်ဆောင်ခတွေ ကောက် ခံမယ့် စနစ်တစ်ခုကို ကျင့်သုံးသွားဖို့ ရှိနေပါတယ်။
ရက်ပေါင်း ၆၀ ကျော်သွားရင် အီရန်က အခကြေးငွေ မကောက်ခံနိုင်အောင် ဆက်လက်ဆွေး နွေးသွားဖို့ အစီအစဉ်ရှိတယ်လို့ တနင်္လာနေ့တုန်းက အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကိစ္စနဲ့ ပတ်သက်ပြီး ရေလက်ကြားအတွင်း ဝန်ဆောင်မှုတွေအတွက် အခ ကြေးငွေ ကောက်ခံသွားမှာဖြစ်သလို ရေလက်ကြားစီမံခန့်ခွဲရေးအတွက် အိုမန်နိုင်ငံနဲ့ နောက်ဆုံးအဆင့် ညှိနှိုင်းမှုတွေ ပြီးစီးလုနီးပါးဖြစ်နေပြီလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အက်စ်မေးလ်ဘာဂါ အီက ပြောပါတယ်။
အီရန်ရဲ့ နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ ပတ်သက်လို့ ယူရေနီယံ သန့်စင်မှုအပါအ ဝင် နျူကလီးယားဆိုင်ရာ ကိစ္စရပ်တွေကို နောက်ဆုံးသဘောတူညီချက်ကျမှပဲ အသေးစိတ် ထည့်သွင်း ဆွေးနွေးဖို့ နှစ်နိုင်ငံ သဘောတူထားပါတယ်။
အမေရိကန်အရာရှိကတော့ အတည်မဖြစ်သေးခင်အထိ ဘယ်အချိန်မဆို နှစ်ဖက်စလုံးက နှုတ် ထွက်သွားလို့ရတယ်လို့ ပြောခဲ့ပြီး အီရန်က အချိန်ဆွဲနေမယ်ဆိုရင်တော့ ဆွေးနွေးပွဲကို ချက်ချင်းရပ်ပစ်ပြီး အရင်ကထက် ပိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်လုပ်သွားမယ်လို့ သတိပေးထားပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ဒီနားလည်မှုစာချွန်လွှာကို ဒီဂျစ်တယ်စနစ်နဲ့ လက်မှတ်ရေးထိုးခဲ့ကြ ပြီး လက်ရှိမှာ စတင်အသက်ဝင်နေပြီလို့ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
ကိုးကား – NHK
Ref; US, Iran presidents sign memorandum of understanding