ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်ဟာ အင်္ဂါနေ့က ဟေတီပြည်သူတွေကို တောင်းပန်စကား ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ကို ပစ်ပယ်ထားခဲ့ကြတယ်လို့ ဆိုပါ တယ်။
အကြမ်းဖက်မှုတွေဖြစ်ပွားလျက်ရှိာ ဟေတီနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် အနာဂတ်အတွက် မျှော်လင့်ချက်ရေးရေးတော့ တွေ့မြင်နေရပြီလို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
အမေရိကတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဟေတီနိုင်ငံဟာ အင်အားကြီးမားတဲ့ ဂိုဏ်းစတားအ ဖွဲ့တွေရဲ့ အတားအဆီးမဲ့ လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ လုယက်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေကို ရင်ဆိုင်နေရ တာကြောင့် နှစ်ပေါင်းများစွာကြာအောင် မတည်မငြိမ်မှုဒဏ်ကို ခံစားနေရပါတယ်။

“ရှင်းရှင်းလင်းလင်း ပြောရရင် ဂိုဏ်းစတားတွေဟာ ဟေတီနိုင်ငံကို ခြိမ်းခြောက်အကြမ်းဖက်နေ ကြတာ ဖြစ်သလို နိုင်ငံရဲ့အဖွဲ့အစည်းတွေဟာလည်း အားနည်းပျက်ပြားနေပါပြီ” လို့ ဂူတာရက်စ်က ခရီး စဉ်အတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကုလသမဂ္ဂရဲ့အချက်အလက်တွေအရ လူဦးရေ ၁၁ သန်းလောက်ရှိတဲ့ ဟေတီနိုင်ငံမှာ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက်ဟာ ၁.၅ သန်းနီးပါး ရှိနေပြီး လူဦးရေ ၅ သန်းကျော်က အ ပြင်းအထန် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။
ဒီလုံခြုံရေးဆိုင်ရာ အကျပ်အတည်းဟာ ၂၀၂၄ ခုနှစ် အစောပိုင်းတုန်းက ပိုပြီးတော့ ဆိုးရွားလာခဲ့ တာဖြစ်ပြီး ဂိုဏ်းစတားတွေဟာ အကြမ်းဖက်မှုတွေ ကျူးလွန်လာတာကြောင့် ရွေးကောက်ခံမဟုတ်တဲ့ ဟေတီနိုင်ငံရဲ့ ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်သွားရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။
သူ့ရဲ့နေရာမှာ ကြားဖြတ်သမ္မတကောင်စီတစ်ခုနဲ့ အစားထိုးခဲ့ပေမဲ့ အဲဒီကောင်စီရဲ့ သက်တမ်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကုန်ဆုံးသွားခဲ့တာကြောင့် အုပ်ချုပ်ရေးအာဏာဟာ ဝန်ကြီးချုပ် အဲလစ်ဒစ်ဒီ ယာဖီးလ်စ်အီမေဆီကို ရောက်ရှိသွားခဲ့ပြီး သူကပဲ ဟေတီနိုင်ငံကို ရောက်ရှိလာတဲ့ ဂူတာရက်စ်ကို လာ ရောက်ကြိုဆိုခဲ့ပါတယ်။
ဟေတီနိုင်ငံဟာ အဓိကအားဖြင့် လုံခြုံရေးအခြေအနေ ဆိုးရွားမှုကြောင့် ၂၀၁၆ ခုနှစ်ကတည်းက အထွေထွေရွေးကောက်ပွဲတွေ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။ နောက်ဆုံးသမ္မတဖြစ်တဲ့ ဂျိုဗီနယ်မွိုက်စ် ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီဂိုဏ်းစတားအဖွဲ့တွေကို နှိမ်နင်းခြေမှုန်းဖို့အတွက် နိုင်ငံတကာနှိမ်နင်းရေးတပ်ဖွဲ့ (GSF) ဖွဲ့စည်း ဖို့ ပြီးခဲ့တဲ့နှစ်တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုပေးခဲ့ပါတယ်။
အဲဒီတပ်ဖွဲ့မှာ ချဒ်၊ မွန်ဂိုလီးယား၊ ဂျမေကာ၊ ဂွာတီမာလာနဲ့ အယ်ဆာဗေဒိုနိုင်ငံတွေက စစ်အင် အား ၁,၀၀၀ အောက်ရှိနေပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေအပါအဝင် အင်အား ၅,၅၀၀ အထိ တိုးမြှင့်သွားနိုင်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ တပ်ဖွဲ့ဟာ ဟေတီနိုင်ငံရဲ့ အမျိုးသားရဲတပ်ဖွဲ့ကို အဓိက ပံ့ပိုးကူညီပေးခဲ့ရပေ မဲ့ လက်နက်ခဲယမ်း တပ်ဆင်မှု အားနည်းပြီး ရန်ပုံငွေ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံစုံ လုံခြုံ ရေး ပံ့ပိုးမှုမစ်ရှင် (MSS) ရဲ့ နေရာမှာ တဖြည်းဖြည်းချင်း အစားထိုး ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။
ကိုးကား – AFP
Ref; UN chief on visit to gang-plagued Haiti says ‘glimmers of hope’