ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်

 

လူထုခေါင်းဆောင် မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် အဖြစ် ၈၁ ကီလိုမီတာစကိတ်စီးဂုဏ်ပြုကြောင်း ကိုထိန်လင်းက ယနေ့ထုတ်ဖော်ပြောကြားလိုက်သည်။

 

မေမေ့မွေးနေ့နီးကပ်လာချိန်တွင် 81 for 81- Global Proof of Life Challenge မှာပါဝင်ပေးကြသည့် ကမ္ဘာ့တဝှမ်းကလူတစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်း ကိုထိန်းလင်က ဆိုပါသည်။

“ ကျွန်တော့်အမေ အသက်ရှင်နေသေးရဲ့လား။ ဒီစိန်ခေါ်မှုမှာပါဝင်သူများလာလေလေ၊ ကျွန်တော်တို့ရဲ့စုပေါင်းအသံပိုမိုကျယ်လောင်လာလေလေ၊ ယုံကြည်စိတ်ချရပြီးသီးခြားလွတ်လပ်တဲ့ အသက်ရှင်နေတယ်လို့အတည်ပြုချက်တောင်းဆိုသံကိုလျစ်လျူရှုဖို့ပိုခက်ခဲလာလေဖြစ်ပါတယ်” ဟု ကိုထိန်လင်းက ပြောကြားသည်။

 

လက်ရှိအားပေးနှင့်အတူတကွရပ်တည်မှုက အလွန်အဓိပ္ပါယ်ရှိသော်လည်း ကြိုးပမ်းမှုမပြီးသေးကြောင်း၊ ကျွန်တော်နှင့်အတူ ဆက်လက်ရပ်တည်ပေးပြီးမျှော်လင့်ချက်တည်ဆောက်နိုင်ကြောင်း၊ ကမ္ဘာ့ကြီးက မမေ့သေးကြောင်းပြသနိုင်မည်ဟု ၎င်းက ဆက်လက်ဆိုသည်။

 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့သည် မနက်ဖြန် ဇွန် ၁၉ ရက်နေ့တွင်ကျရောက်မည်ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ခြင်း၊ တာဝေးပြေးခြင်းနှင့် နှင်းဆီကမ်းပိန်းပြုလုပ်ကြမည်ဖြစ်သည်။

ဓာတ်ပုံ – ကိုထိန်လင်းFB