ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
စစ်တပ်အာဏာသိမ်းနောက်နိုင်ငံရေးသမား၊ စာပေအနုပညာရှင်များကိုမတရားဖမ်းဆီးနေလျက်ရှိရာ မတရားဖမ်းဆီးခံခဲ့ရသော စာရေးဆရာတင်ညွန့်နှင့် သားဖြစ်သူတို့ကို အင်းစိန်ထောင်ရှိ အထူးတရားရုံးက ယနေ့ တွင် ထောင်သုံးနှစ် ချလိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားသော အထူးတရားရုံးက မတရားအမိန့်ချလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ရက်တွင် ဖမ်းဆီးခံရကာသန်လျင်မြို့နယ်၊တရားရုံးမှာ ရမန်ယူပြီးနောက် အင်းစိန်ထောင်တွင်းတရားရုံးတွင် အမှုစစ်၍ ရုံးချိန်း ငါးချိန်းမြောက် ယနေ့တွင် အမိန့်ချကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

အငြိမ်းစားကျောင်းဆရာ၊ ကျောင်းဆရာမဟောင်းများကို အမေ့ခံဆရာကြီးများထောက်ပံ့ရေးအဖြစ်စီစဉ်ဆောင်ရွက်ကာ လူမှုကူညီရေးထောက်ပံ့နေချိန်တွင် မတရားဖမ်းဆီးခံရခြင်းဖြစ်သည်။
စာရေးဆရာတင်ညွန့်သည် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး စာပေနယ်ပယ်နှံ့စပ်သူဖြစ်ကာ ရသ၊သုတစုံစွာဖြင့် လူငယ်အရေး၊ ပညာရေးအကြောင်းများရေးသားသူဖြစ်သည်။
ထို့ပြင်သားငယ်ဖြစ်သူသည် ဖခင်စာရေးဆရာဖြစ်သူ၏ လူမှုကူညီရေး၊ စာပေအလုပ်များနှင့် ဝေယျာဝစ္စများကို ကူညီလုပ်ကိုင်ပေးနေသူဖြစ်သည်။
ဆရာတင်ညွန့်သည် အမျိုးသားစာပေဆုကို ကျောင်းဆရာမှတ်တမ်းဖြင့် ၂၀၁၇ ခုနှစ်တွင် စာပေပဒေသာဆုရရှိထားသူဖြစ်သည်။
ဓာတ်ပုံ – Tin Nyunt