ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်

 

ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ဝေဖန်ပြစ်တင်လေ့ရှိတဲ့ ရုရှားအနုပညာရှင်တစ်ဦး ပိုလန်နိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

 

ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပိုလန် အာဏာပိုင်တွေက ပြောပါတယ်။

 

ဆီမြွန်စခရီပက်စကီးလို့ အမည်ခံထားတဲ့ အဲဒီအနုပညာရှင်ဟာ လာမယ့် တနင်္လာနေ့မနက်ပိုင်း က ပိုလန်နိုင်ငံအရှေ့ပိုင်း ဘီယာလာပိုဒ်လက်စကာမြို့က လူသွားစင်္ကြံလမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံ ခဲ့ရတာလို့ ပိုလန်အစိုးရရှေ့နေတွေက ပြောပါတယ်။

အဲဒီမြို့မှာရှိတဲ့ ဘီလာရုစ်ကောင်စစ်ဝန်ရုံးအနီး ဖမ်းဆီးရမိခဲ့တဲ့ ဘီလာရုစ်နိုင်ငံသားနှစ်ဦးကို လောလောဆယ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

 

စခရီပက်စကီးဟာ ရုရှားသမ္မတကို ဝေဖန်ပြစ်တင်ထားတဲ့ သူရဲ့ သရော်စာအနုပညာလက်ရာတွေ ကြောင့် လူသိများသူတစ်ဦး ဖြစ်ပါတယ်။

 

သူ သေနတ်နဲ့ ပစ်သတ်မခံရခင် သုံးရက်အလို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက စခရီပက်စကီးဟာ ဘာလင်မြို့မှာရှိတဲ့ ရုရှားသံရုံးရှေ့မှာ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်စတာလင်နဲ့ ပူတင်တို့ရဲ့ ကာတွန်း ရုပ်ပြောင်ပုံတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

 

သူဟာ အဲဒီဆန္ဒပြပွဲအကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မိတ်ဆက်ခဲ့သလို သူ ခြိမ်းခြောက်ခံနေရတယ်ဆိုတဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကိုးကား – NHK
Ref; Russian artist critical of Putin shot dead in Poland