ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
ရာဇဝတ်မှု ကျူးလွန်တာတွေကို တားဆီးကာကွယ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ် လျှောက်မှာ ခြံစည်းရိုးခတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟတ် ဒင်အာမက်က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်တစ်လျှောက်မှာလည်း အလားတူ ဆူးကြိုးခွေခြံစည်းရိုးတွေခတ်ဖို့ စဉ်းစားသုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သူက လွှတ်တော်ထဲမှာ ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ်တစ်ဉီးရဲ့မေးခွန်းကို ဆာလာဟတ်ဒင်က အခုလို နယ်စပ်လုံခြုံရေး တိုးမြှင့်မယ့် အခြေအနေတွေကို ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို သု ညအဆင့်ထိ လျှော့ချနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အနေနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ၎င်းက ပြောပါတယ်။
ယာဘ၊ အိုက်စ်နဲ့ ချောင်းဆိုးပျောက်ဆေးရည် တစ်မျိုး အပါအဝင် တရားမဝင် လက်နက်ခဲယမ်းမီး ကျောက်တွေ မှောင်ခိုကူးစစ်တာနဲ့ ပတ်သက်လို့ BGB အနေနဲ့ လုံးဝ သည်းခံမှာမဟုတ်တဲ့ မူဝါဒကို ကျင့် သုံးနေတယ်လို့ သူက ဆိုပါတယ်။
ဝေးလံခေါင်သီပြီး အရေးကြီးတဲ့ နယ်စပ်ဒေသတွေမှာ နယ်ခြားစောင့်ကင်းစခန်းအသစ်တွေနဲ့ ယာယီကင်းစခန်းတွေကို ဆောက်လုပ်ထားပြီးဖြစ်သလို နောက်ထပ်လည်း တိုးချဲ့ဆောက်လုပ်ဖို့ စီစဉ်နေ တယ်လို့ သူက ဆက်ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အနောက်တောင်ဘက်နဲ့ မြောက်အနောက်ဘက် နယ်စပ်တွေက အလွန်အ ရေးကြီးတဲ့ နေရာတွေမှာ စမတ် နယ်စပ်စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ထားပြီးပြီလို့ သူက လွှတ်တော် ကို အသိပေးခဲ့ပါတယ်။
နယ်စပ်ဒေသ လုံခြုံရေးကို စိတ်ချရစေဖို့၊ နယ်စပ်မှာ လူသတ်မှုတွေ ဖြစ်ပွားတာနဲ့ တရားမဝင် ခိုး ဝင်တာတွေကို တားဆီးနိုင်ဖို့အပြင်၊ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း မှောင်ခိုကူးစစ်တာတွေနဲ့ အခြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းနိုင်ဖို့အတွက် မြန်မာနယ်စပ်တစ်လျှောက်မှာ ဆူးကြိုးခွေခြံ စည်းရိုးတွေခတ်ဖို့ ကျွန်တော်တို့ စတင်လုပ်ဆောင်နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
“အလားတူပဲ အိန္ဒိယနယ်စပ်က အရေးကြီးတဲ့ နေရာတွေမှာလည်း ခြံစည်းရိုးခတ်ဖို့ အစီအစဉ်တွေ ကို စဉ်းစားသုံးသပ်နေပါတယ်” လို့ ဆာလာဟတ်ဒင်အာမက်က ပြောပါတယ်။
အိန္ဒိယနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မယ့် အရှည်ပမာဏ၊ စီမံကိန်း ကုန်ကျစရိတ်၊ ကြာမြင့် မယ့် အချိန်ကာလနဲ့ ဘယ်လို အရေးကြီးတဲ့ နယ်စပ်မြေပြန့်နေရာတွေမှာ ခတ်မလဲဆိုတဲ့ အသေးစိတ် အ ချက်အလက်တွေကိုတော့ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ကိုးကား – bdnews24.com
Ref; Home minister says fencing planned to curb cross-border crime along Myanmar frontie