ကုလအထွေထွေညီလာခံက NUG ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ အသိအမှတ်ပြုရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီပြော

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ခန့်အပ်လွှာကို လက်ခံခြင်း အားဖြင့် ကုလသမဂ္ဂ တည်ထောင်တဲ့ရည်ရွယ်ချက်တွေနဲ့ အခြေခံစည်းမျဉ်းတွေကို လေးစားသမှုရှိရမှာဖြစ်ပြီး ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမှုပေးရမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီ

(SAC-M) က စက်တင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို မနေ့ကအမေရိကန်နိုင်ငံ၊နယူးယောက်မြို့တော်မှာစတင်ကျင်း ပပြီး အဖွဲ့ဝင်နိုင်ငံတိုင်းခန့်အပ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့ အထောက်အ ထားစိစစ်ရေးကော်မတီ credentials committee ကို ဖွဲ့စည်းမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်က အာဏာမသိမ်းမီ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ခန့်အပ်လွှာပေးအပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေ ထွေညီလာခံမှာ မြန်မာနိုင်ငံကို ဆက်လက်ပြီး ကိုယ်စားပြုခဲ့ပါတယ်။

“ကုလသမဂ္ဂ အထွေထွေညီလာခံက ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦး ကျော်မိုးထွန်းကို ဆက်လက်ပြီး အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကို ကုလ သမဂ္ဂအဖွဲ့အစည်းတွေက လေးစားသမှုရှိရမှာဖြစ်ပြီး ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာပြည်သူတွေရဲ့ အသံတွေကို လျစ်လျူရှုနေတာ

ရှက်ဖွယ်ဖြစ်ပါတယ်” လို့ SAC-M အဖွဲ့ဝင် ခရစ်ဆီဒိုတီက ပြောပါတယ်။

“မြန်မာနိုင်ငံက အထူးစိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးအကျပ်အတည်း ရင်ဆိုင်နေရပေမယ့် လူ့အခွင့်အရေး ကောင်စီက အစည်းအဝေးပြုလုပ်တိုင်း မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ကို ပါဝင်တက်ရောက်ခွင့် ငြင်းဆန်ခဲ့ပါတယ်” လို့ SAC-M အဖွဲ့ဝင် မာဇူကီဒါရက်စမန်းက ပြောပါတယ်။

“ကုလသမဂ္ဂက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မှန်ကန်စွာ ရပ်တည်ဆဲဆိုရင် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ခန့်အပ်လွှာကို အပြည့်အဝ လက်ခံရမှာဖြစ်ပါတယ်” လို့ SAC-M အဖွဲ့ ဦးဆောင်သူ ယန်ဟီးလီက ပြောပါတယ်။

NUG နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြန်မာ့ပိုင်နက်နယ်မြေ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ အုပ်ချုပ်ရေးယန္တယားတွေ အခိုင်အမာ ထူထောင်နေပြီဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ယခုအခါ တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင် တော့တယ်လို့ SAC-M အဖွဲ့က ဆိုပါတယ်။

ကိုးကား – SAC-M

Ref; The United Nations General Assembly Must Accept the Credentials of Myanmar’s NUG Representative