ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို အဓိက ဆို ရှယ်မီဒီယာ အက်ပလီကေးရှင်းတွေ အားလုံး အသုံးပြုခွင့် ပိတ်ပင်သွားမယ်လို့ တနင်္လာနေ့မှာ ကြေညာ လိုက်ပါတယ်။

“အစိုးရတစ်ရပ်ဆိုတာ အမြဲတမ်း ရွေးချယ်မှုတွေ လုပ်ကြရတာပါ၊ အခုလို လုံးဝပိတ်ပင်လိုက်တာ ဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ရှင်းလင်းနေပါတယ်” လို့ သူက သ တင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေဟာ ကလေးတွေကို မပျော်မရွှင်ဖြစ်စေရုံတင်မကဘဲ အနိုင်ကျင့်စော်ကားမှု တွေနဲ့ အလွဲသုံးစားလုပ်မှုတွေအတွက် နေရာတစ်ခု ဖြစ်လာစေပြီး သူတို့ရဲ့ စိတ်ကျန်းမာရေးကိုပါ ထိခိုက် စေတယ်ဆိုတာကို သူက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ကလေးတွေ ကြုံတွေ့မြင်တွေ့နေရတဲ့ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက် ပြီးတော့လည်း ၎င်းက ထောက်ပြပါတယ်။

“ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ကလေးတွေရဲ့ လုံခြုံရေးနဲ့ ပျော်ရွှင်မှုအပေါ်မှာ ဘယ်လိုမှ အ လျှော့အတင်း မလုပ်နိုင်ပါဘူး၊ ဒါကြောင့်လည်း ဒီပိတ်ပင်မှုကို လုပ်ကိုင်ရတာဖြစ်ပြီး ဒီပိတ်ပင်မှုက တ ကယ်ဖြစ်လာမှာပါ” လို့ သူက မှတ်ချက်ပြုပါတယ်။

အခုလို အလုံးစုံပိတ်ပင်မှုထဲမှာ အကျုံးမဝင်တဲ့ ဥပမာ ဂိမ်းဆော့တဲ့ ပလက်ဖောင်းတွေလို ပစ္စည်း မျိုးတွေမှာဆိုရင်လည်း ကလေးတွေအနေနဲ့ သူစိမ်းတွေနဲ့ ဆက်သွယ် စကားမပြောနိုင်အောင် ပိတ်ပင် ထားရမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကလေးတချို့ဟာ ဒီပိတ်ပင်မှုကို ကျော်ဖြတ်ဖို့ နည်းလမ်းတွေ ရှာတွေ့သွားနိုင်ခြေ ရှိတယ်ဆိုတဲ့ အချက်ဟာ ဒီအစီအစဉ်ကို မလုပ်ဘဲနေဖို့ အကြောင်းပြချက် မဖြစ်သင့်ဘူးလို့လည်း စတာမာက ထည့် သွင်းပြောပါတယ်။

“ဒါဟာ ကျွန်တော်တို့ ကလေးတွေကို ပိုပြီး ပျော်ရွှင်စေပါလိမ့်မယ်။ ပြီးတော့ သူတို့ကို ကြီးပြင်း လာဖို့အတွက် အချိန်ပို၊ လုံခြုံမှုပို၊ လွတ်လပ်မှုပိုနဲ့ အခွင့်အရေး ပိုရစေပါလိမ့်မယ်။ နေ့ရက်တွေရဲ့ အဆုံး သတ်မှာတော့ ဒါဟာ ဒီအစိုးရရဲ့ ဦးတည်ချက်ပါပဲ” လို့ သူက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; UK bans social media access for under-16s