ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနဲ့ ဘက်စုံငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု ကို အပြီးသတ် ရရှိသွားပြီဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပြီး စာချုပ်ကိစ္စ ပြီးပြည့်စုံသွားပြီဖြစ်လို့ ဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကိုလည်း အခကြေးငွေကောက်ခံမှုမရှိဘဲ ချက်ချင်း ပြန်ဖွင့်လှစ်ပေးဖို့ ခွင့်ပြုလိုက်ပါတယ်။
“အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ ချုပ်ဆိုမယ့် စာချုပ်ကိစ္စ အခုတော့ ပြီးပြည့်စုံသွားပါပြီ။ အား လုံးကို ဂုဏ်ယူပါတယ်” လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ တာပါ။
“ဟော်မုဇ်ရေလက်ကြားကို အခမဲ့ ဖြတ်သန်းသွားလာနိုင်အောင် ဖွင့်လှစ်ပေးဖို့ ကျွန်တော် ဒီနေရာ ကနေ အပြည့်အဝ ခွင့်ပြုလိုက်ပါတယ်။ ဒါ့အပြင် အခုထုတ်ပြန်ချက်နဲ့အတူ အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့ ထားမှုတွေကိုလည်း ချက်ချင်း ဖယ်ရှားပစ်ဖို့ ခွင့်ပြုလိုက်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်ကို ဘယ်တော့ လက်တွေ့အကောင်အထည်ဖော်မလဲဆိုတဲ့ အချိန်ဇ ယားနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သူက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်က လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ရေး လှုပ်ရှားမှုတွေကို ချက်ချင်းနဲ့ အပြီးအပိုင် ရပ်စဲဖို့ နှစ်ဖက်စလုံးက သဘောတူညီလိုက်ပြီလို့ တနင်္လာနေ့အ စောပိုင်းမှာ ကြေညာခဲ့ပါတယ်။
“အပြင်းအထန် ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက်မှာတော့ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား ငြိမ်းချမ်း ရေး သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်” လို့ ရှရစ်ဖ်က ၎င်းရဲ့ X စာမျက်နှာမှာ ရေးသားခဲ့တာပါ။
ဒါ့အပြင် တရားဝင် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။
ကိုးကား – Reuters
Ref; Trump announces US-Iran peace deal, Hormuz reopening