ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်း ရေး သဘောတူညီချက် ရသွားပြီဆိုတဲ့ ကြေညာချက်ကို တနင်္ဂနွေနေ့မှာ ကြိုဆိုလိုက်ပြီး ဒါဟာ ပဋိပက္ခ တွေကို အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

သူက အမေရိကန် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ X ပေါ်က ထုတ်ပြန်ချက်မှာ “ချက်ချင်းနဲ့ အ ပြီးအပိုင် အပစ်အခတ်ရပ်စဲရေး၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက် လုပ်ဖို့ မူဘောင်တစ်ခုကို ဖော်ဆောင်ပေးမယ့် ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် ရရှိခဲ့ကြတဲ့အတွက် အမေရိ ကန်နဲ့ အီရန်တို့ကို ကျွန်တော့်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်” လို့ ရေးသားခဲ့ပါ တယ်။

အပြင်းအထန် ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့ ငြိမ်းချမ်းရေးစာချုပ် ရသွားပြီ ဖြစ်ကြောင်း၊ လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းနဲ့ အပြီးအ ပိုင် ရပ်စဲတော့မှာဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်က ကြေညာခဲ့ပြီးတဲ့နောက်မှာ ဂူ တာရက်စ်ရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂူတာရက်စ်က “ဒါဟာ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ဆီ ဦးတည်တဲ့ အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” လို့ ဆက်ပြောပါတယ်။

ဒီဆွေးနွေးပွဲတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးခဲ့ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ကြတဲ့ တူရကီ၊ ပါကစ္စတန်၊ ကာတာ၊ အီဂျစ်၊ ဆော်ဒီအာရေဗျနဲ့ တခြား ဒေသတွင်းနိုင်ငံတွေ ကိုလည်း ၎င်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; UN chief welcomes US-Iran peace deal as ‘critical’ step toward ending conflict