2024-07-14 Final de la Eurocopa entre las selecciones de España e Inglaterra disputado en el Estadio Olímpico de Berlín. SOLO USO EDITORIAL, SOLO DISPONIBLE PARA ILUSTRAR LA NOTICIA QUE ACOMPAÑA (CRÉDITO OBLIGATORIO) FOTO RFEF
ဧရာ၀တီတိုင်းမ်
ဇွန် ၁၄ ရက်
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံ ၃ ခု ပူးတွဲကျင်းပနေတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ စပိန်ဟာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။
အားကစားလေ့လာသုံးသပ်သူတွေနဲ့ လောင်းကစားကုမ္ပဏီတွေရဲ့ ခန့်မှန်းချက်တွေအရ ရိုဒရီ၊ လာမင်ယာမဲလ်၊ ပက်ဒရီ၊ ဂါဗီ၊ နီကိုဝီလျံစတဲ့ ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ စပိန်အသင်းက ဗိုလ်စွဲဖို့ ရေပန်းစားမှု အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အမ်ဘာပေဦးဆောင်တဲ့ ပြင်သစ်အသင်းက အဆင့် ၂ ၊ ဟာရီကိန်းဦးဆောင်တဲ့ အင်္ဂလန်က အဆင့် ၃ ၊ ဗီးနီးစီးယပ်အပါအဝင် တိုက်စစ်ကစားသမားများစွာ ပိုင်ဆိုင်ထားတဲ့ ဘရာဇီးက အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
မက်ဆီဦးဆောင်တဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားကတော့ ရေပန်းစားမှု အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဂန္တဝင်ကစားသမားကြီး ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီက အဆင့် ၆ နဲ့ ဂျာမဏီက အဆင့် ၇ နေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာ စပိန်ဟာ အုပ်စု (H) မှာ ဥရုဂွေး၊ ကိတ်ဗာဒီနဲ့ ဆော်ဒီအာရေဗီးယား အသင်းတို့နဲ့အတူ ကျရောက်နေပြီး ဇွန် ၁၆ ရက်နေ့မှာ ကိတ်ဗာဒီအသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ ယူရို ၂၀၀၈ မှာ ဗိုလ်စွဲပြီးနောက် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆက်လက်ဗိုလ်စွဲခဲ့ပါတယ်။ အခုအချိန်မှာလည်း ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ ၇ ပွဲဆက်တိုက် အနိုင်ယူပြီး ထူးခြားတဲ့စံချိန်နဲ့ ဥရောပချန်ပီယံဆုဖလားကို သိမ်းပိုက်ခဲ့တဲ့အတွက် လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားကို ဆက်လက်ဆွတ်ခူးရယူနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။