ပြည်မြို့မှာ နေထီးဆောင်းမှုထပ်မံဖြစ်ပွားလို့ မင်းပြောင်းမင်းလွှဲ ဖြစ်နိုင်တယ်လို ဒေသခံတွေ သုံးသပ်ပြီး စိတ်ဝင်တစားကြည့်နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်
ပဲခူးတိုင်း၊ ပြည်မြို့မှာ နေထီးဆောင်း မှု ဒီကနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ် ကစတင်ပြီး အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတွေထံကသိရသည်။
ဒီကနေ့နံနက် ၁၁ နာရီ ကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး နေရာအများအပြားကနေ ထင်ရှားစွာတွေ့မြင်ရတယ်လို့ ဒေသခံများကပြောဆိုသည်။
“မနက် ၁၁ နာရီ ၃၀ မိနစ်လောက်က စပြီးမြင်ရတာ နမိတ်ကောင်းမယ်လို့တော့ ယူဆမိတယ် မင်းပြောင်းမင်းလွှဲများ ဖြစ်ချင်လို့လား မသိဘူး။ မြို့ထဲက လူတွေ အားလုံးလဲ စိတ်ဝင်စားလို့ လူတွေထွက်ကြည့်နေတာမနဲဘူး” လို့ ပြည်မြို့ဒေသခံတဦး က ဧရာဝတီတ်ိုင်းမ်ကို ပြောသည်။
ဒါပြင် အဆိုပါနေထီးဆောင် နေအိမ်ဖွဲ့ မှုသည် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ပြည်မြို့လည်ခေါင်တွင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပါသေးသည်။
ဓာတ်ပုံ-ပေးပို့
#Ayeyarwaddy_Times