ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဖလားပြသမှု မူပိုင်ခွင့်ရယူထားပြီး ပွဲစဉ်များကြော်ငြာနေသော Mytel TV360 ၏ Facebook စာမျက်နှာကို Meta က ယမန်နေ့တွင် ဖယ်ရှားလိုက်ကြောင်းသတင်းရရှိသည်။

စစ်တပ်ပိုင်ကုမ္ပဏီဖြစ်သော Mytel က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာရန်အသုံးနေသည့် TV360 Facebook စာမျက်နှာအကြောင်း Justice For Myanmar က တိုင်ကြားရာတွင် ယခုလိုဖယ်ရှားခံရခြင်းဖြစ်သည်။

” မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို Meta ရဲ့ ပလက်ဖောင်းတွေပေါ်မှာ အသုံးပြုခွင့်တားမြစ်ပိတ်ပင်ထားတဲ့မူဝါဒအရ Justice for Myanmar က အဲဒီ TV360 စာမျက်နှာနဲ့ပတ်သက်ပြီးတိုင်းကြားလိုက်တာဖြစ်တယ် ” ဟု JFM ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အောက်ရှိ Mytel ကို ကမ္ဘာ့ဖလားပြိုင်ပွဲ မူပိုင်ထုတ်လွှင့်ခွင့်ပေးခြင်းက လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုသည့်လုပ်ရပ်လည်းဖြစ်ကြောင်း JFM က ထုတ်ပြန်သည်။

၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါသုံးနိုင်ငံပူးတွဲကျင်းပခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်များယှဉ်ပြိုင်နေကြကြောင်းသိရသည်။

ဓာတ်ပုံ – JFM