ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ကတည်းက အခုအချိန်ထိ ရုရှား တပ်ဖွဲ့ဝင် ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲက အများစုဟာ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရ တာလို့ BBC သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဒီစာရင်းကို ဗြိတိန်အခြေစိုက် BBC သတင်းဌာန၊ ရုရှား မီဒီယာတစ်ခုဖြစ်တဲ့ Mediazona နဲ့ စေ တနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်းပြီး ရုရှားစစ်သားတွေ သေဆုံးမှုကို လေ့လာဆန်းစစ်ခဲ့ ကြတာပါ။
စစ်သေဆုံးမှုဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်တွေ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက လူမှုကွန် ရက်ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်တွေအပါအဝင် အများပြည်သူသိရှိနိုင်တဲ့ အချက်အလက်တွေကို အခြေခံပြီး တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ရုရှားစစ်သားပေါင်း ၂၂၆,၀၅၅ ဦးရဲ့ နာမည်တွေကို အတိအကျ အတည်ပြုနိုင်ခဲ့ပြီး ရှေ့တန်းက သေဆုံးမှု အတော်များများဟာ ဒရုန်းဗုံးကြဲခံရတာကြောင့်လို့ ဆိုပါတယ်။
တကယ်တမ်း မြေပြင်မှာ သေဆုံးနိုင်ခြေရှိတဲ့ စာရင်းအမှန်ဟာ ၃၄၀,၀၀၀ ကနေ ၅၀၀,၀၀၀ အ ထိတောင် ရှိနိုင်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက ပြုလုပ်ခဲ့တဲ့ သီးခြားလေ့လာမှုတွေအရ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေအ တွင်း ရုရှားဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားပေါင်း ၂,၃၀၄ ဦး သေဆုံး ခဲ့တယ်လို့လည်း BBC က ဖော်ပြပါတယ်။
ဒီအချက်ကို မြောက်ကိုရီးယားမှာ အသစ်တည်ဆောက်လိုက်တဲ့ စစ်သားတွေရဲ့ ကျောက်တိုင်ဂူဗိ မာန် ဂြိုဟ်တုဓာတ်ပုံတွေနဲ့ သေဆုံးသွားတဲ့ စစ်သားအမည်တွေကို ဖော်ပြထားတဲ့ တရားဝင်မှတ်တမ်း ဓာတ်ပုံတွေကိုကြည့်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – NHK
Ref; BBC: Russia has lost over 220,000 troops during invasion of Ukraine