ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအတွင်း နေထိုင်ဖြတ်သန်းခဲ့ရပုံကို စာအုပ်ရေးသားခဲ့တဲ့ အမေရိ ကန် စီးပွားရေးသမားတစ်ဦးဟာ ဇွန်လ ၁၁ ရက်က မြန်မာနိုင်ငံသို့ပြန်အလာ လေဆိပ်မှာ ထိန်းသိမ်းခံ လိုက်ရတယ်လို့ သတင်းရရှိသူနှစ်ဦးက ပြောပါတယ်။

သူကတော့ မြန်မာနိုင်ငံ အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM) ရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စတီလိုဖြစ်ပြီး ရန်ကုန်မှာ လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ပြီး နေထိုင်နေသူ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာနိုင်ငံမှာ အမေရိကန်နိုင် ငံသားတစ်ဦး ထိန်းသိမ်းခံရတဲ့ သတင်းကို သိရှိထားပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနဲ့ ထိန်းသိမ်းရမယ့် အ ချက်အလက်တွေကြောင့်” နောက်ထပ် ဘာမှ မှတ်ချက်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေအရ ကက်စတီလိုဟာ သူရေးထားတဲ့ ‘Finding Our Voice’ ဆိုတဲ့ စာအုပ်ကို ပြည်ပမှာ သွားရောက်မိတ်ဆက် ဖြန့်ချိနေခဲ့တာဖြစ်ပြီး အဲဒီစာအုပ်က ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖရိုဖရဲဖြစ်သွားတဲ့ မြန်မာနိုင်ငံမှာ သူ ဆက်နေထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ရေး ထားတာပါ။

အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ကက်စတီလိုဟာ ပြီးခဲ့တဲ့နှစ်က အိမ်ဖြူ တော်ကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရှားပါးမြေအောက်သတ္တုတွေကို ရရှိနိုင်ရေးအတွက် အမေ ရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ ငြိမ်းချမ်းရေးပွဲစားအဖြစ် ဝင်ရောက်စွက်ဖက်ဖို့ အရာရှိတွေကို အကြံ ပြုခဲ့ဖူးကြောင်း သိရပါတယ်။

သူ့ရဲ့စာအုပ်ထဲမှာ စစ်တပ်က ဒီမိုကရေစီလိုလားသူ ဆန္ဒပြပြည်သူတွေကို သွေးထွက်သံယို နှိမ် နင်းခဲ့တာတွေကို မှတ်တမ်းတင်ထားပါတယ်။

အမေရိကန်အစိုးရရဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အပါအဝင် ပေါ်လစီတွေဟာ ထိရောက်မှုမ ရှိဘူးလို့ ဝေဖန်ထားပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ပိုမိုထိတွေ့ဆက်ဆံဖို့ တိုက်တွန်းထားတာလည်း ပါ ဝင်ပါတယ်။

ကိုးကား – Reuters

Ref; Myanmar detains US businessman who wrote about military coup, sources say