ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုဟာ ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံကို လာရောက် ခဲ့ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်ဒိုနီးရှား ဝန်ကြီးတစ်ဦးအနေနဲ့ နေပြည်တော်ကို ပထ မဆုံးအကြိမ် လာရောက်တဲ့ တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။

ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဘယ်လိုမျိုး အကောင်းဆုံး ထိတွေ့ဆက်ဆံမလဲဆိုတာကို အာဆီယံအဖွဲ့ကြီးက ပြန်လည်သုံးသပ်နေချိန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ နောက်ဆုံး ခရီးစဉ် လည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာစစ်အုပ်စုကို အရေးယူဖို့ အာဆီယံထဲမှာ အပြင်းထန်ဆုံး တွန်းအား ပေးခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့် အခုလို ဝန်ကြီးရဲ့ ခရီးစဉ်အပေါ် လူပြောသူပြော များနေကြပါတယ်။

ဒါပေမဲ့ လေ့လာဆန်းစစ်သူတွေကတော့ အခုခရီးစဉ်ဟာ မြန်မာအပေါ်ထားတဲ့ အင်ဒိုနီးရှားရဲ့ သ ဘောထား ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဘယ်လို ထိထိ ရောက်ရောက် ဆက်ဆံရမလဲဆိုတာကို အာဆီယံအဖွဲ့အနေနဲ့ ဗျူဟာအသစ် ပြန်လည်သုံးသပ်နေကြတဲ့ သဘောသာဖြစ်တယ်လို့ ဆိုပါတယ်။

ISEAS – Yusof Ishak Institute မှ အာဆီယံလေ့လာရေးစင်တာ ညှိနှိုင်းရေးမှူးလည်းဖြစ် အကြီး တန်းသုတေသနအရာရှိလည်းဖြစ်တဲ့ ဂျိုအန်းလင်းက “ဒါဟာ လက်တွေ့ကျကျ ဗျူဟာမြောက် ပြန်လည် ပြင်ဆင်တာလို့ မြင်နိုင်ပါတယ်၊ မြန်မာနိုင်ငံကို သီးခြားခွဲထုတ်ထားရုံတင်နဲ့တော့ ဘာတိုးတက်မှုမှ ထွက်မ လာဘူးဆိုတာကို အင်ဒိုနီးရှားအစိုးရက ပိုပြီးသဘောပေါက်လာတဲ့ သဘောကို ပြနေတာပါ” လို့ ပြော ကြားခဲ့ပါတယ်။

ဆူဂျီယိုနိုဟာ နေပြည်တော်ခရီးစဉ်အတွင်း အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ သဝဏ် လွှာကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ထွန်းလာဖို့ အင်ဒိုနီးရှားက ဆက်လက်ပံ့ပိုးသွားမယ်ဆိုတာကို ကတိပြုခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆူဂျီယိုနိုက အာဆီယံဘုံသဘောတူညီချက်အပေါ် အင်ဒိုနီးရှားအနေနဲ့ ဆက်လက်ထောက်ခံမှာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနဲ့ ပူး ပေါင်းကာ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာဖို့နဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ရင်းနှီးပွင့်လင်းပြီး အပြုသဘောဆောင်ကာ အပြန် အလှန် အကျိုးရှိစေမယ့် အခြေအနေမျိုးမှာ အောင်အောင်မြင်မြင် ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ ၎င်းက ဆိုပါ တယ်။

ISEAS – Yusof Ishak Institute က အဓိကသုတေသနအရာရှိတစ်ဦးဖြစ်တဲ့ ဂျူလီယာလောင်း က ဆူဂျီယိုနို သုံးနှုန်းသွားတဲ့ စကားလုံး လေသံတွေက အရင်ကထက် ပိုပြီး ပျော့ပျောင်းညင်သာသွားတယ်လို့ ထင်ရပေမဲ့ ဒါဟာ မြန်မာနိုင်ငံအပေါ်ထားတဲ့ အင်ဒိုနီးရှားရဲ့ အခြေခံမူဝါဒ အကြီးအကျယ် ပြောင်းလဲသွား တာမျိုးတော့ မဟုတ်ဖူးလို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အကဲခတ်အချို့ကတော့ အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့အခါ သူတို့နိုင်ငံရဲ့ ကိုယ်ပိုင်နိုင်ငံရေးသမိုင်း ဖြတ်သန်းမှုအပေါ် အခြေခံပြီး ရှုမြင်တာမျိုး ဖြစ် နိုင်တယ်လို့ ယူဆကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ စီကာရန်းမြို့က President University ရဲ့ နိုင်ငံတကာဆက်ဆံရေး ကထိက တီအူကူရီဇာဆဟ်က မြန်မာနိုင်ငံအနေနဲ့ အင်ဒိုနီးရှားရဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အကူးအပြောင်းကာလ သမိုင်းဆီကနေ သင်ခန်း စာယူနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက အင်ဒိုနီးရှားစစ်တပ်ဟာ နိုင်ငံရေးမှ တဖြည်းဖြည်းချင်း ဆုတ်ခွာပေးခဲ့ပြီး နောက်ပိုင်း စစ်တပ်အရာရှိဟောင်းတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကတစ်ဆင့် နိုင်ငံရေးလောကထဲ ကို အရပ်သားခေါင်းဆောင်တွေအဖြစ် ပြန်လည်ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား – The Straits Times

Ref; As Indonesia’s top envoy becomes latest from ASEAN to visit Myanmar, analysts warn of risks