ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

တရုတ်နိုင်ငံအပေါ် မဆင်မခြင် ဝေဖန်ပြောဆိုမှုတွေ ဆက်တိုက်လုပ်နေတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီအိုဒိုရိုကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒဏ် ခတ်အရေးယူမှုတွေ ပြုလုပ်လိုက်ကြောင်း ဇွန်လ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့လမှာ ဂီလ်ဘာတိုက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင် ငံရဲ့ နယ်မြေပိုင်းဆိုင်ရာရော နိုင်ငံရေးအရပါ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြော ခဲ့တာကို တရုတ်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီပြောကြားချက်တွေဟာ တရုတ်ရဲ့ တရားဝင်အကျိုးစီးပွားကို ထိခိုက်စေပြီး နှစ်နိုင်ငံဆက်ဆံရေး ကို ဖျက်ဆီးရာရောက်တယ်လို့ တရုတ်က ဆိုပါတယ်။

ဒီပိတ်ဆို့မှုအရ ဂီလ်ဘာတိုနဲ့ သူရဲ့ မိသားစုဝင်တွေကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာ အိုတို့ထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တဲ့အပြင် တရုတ်နိုင်ငံတွင်းက ဘယ်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်ကမှ သူ တို့နဲ့ စီးပွားရေးအရ အရောင်းအဝယ်လုပ်တာ၊ ပူးပေါင်းဆောင်ရွက်တာမျိုး လုံးဝ မလုပ်ဖို့ တားမြစ်ထားပါ တယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်မှာ နယ်နိမိတ်အငြင်းပွားမှုတွေ ရှိနေကြတာဖြစ် ပြီး ပြီးခဲ့တဲ့လက ဂျပန်နဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံကြား ပင်လယ်ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ဖို့အတွက် တရားဝင် ဆွေးနွေးပွဲတွေ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ဟာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ ဘက် ရေပြင်တွေမှာ နယ်နိမိတ်သတ်မှတ်ဖို့ ဆွေးနွေးကြမှာဖြစ်ပြီး ဒီလုပ်ရပ်ဟာ တရုတ်ရဲ့ နယ်မြေအ ချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာလို့ တ ရုတ်က စွပ်စွဲထားပါတယ်။

ဖိလစ်ပိုင်နဲ့ ဂျပန်တို့ ပေါင်းပြီး ထိုင်ဝမ်အရှေ့ဘက် ရေပိုင်နက် နယ်နိမိတ်ခွဲဖို့ ဆွေးနွေးနေတာကို လည်း တရုတ်က သူ့ပိုင်နက်ကို ကျူးကျော်တာဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။

ကိုးကား – NHK

Ref; China unveils sanctions against Philippine defense secretary