ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံရှိ ပစ်မှတ်အမြောက်အ မြားကို ဒုတိယအကြိမ်အဖြစ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ အကြောင်းမဲ့ ဆက်တိုက်ရန်စကျူး ကျော်မှုတွေအပေါ် တုံ့ပြန်တာလို့ ဆိုပါတယ်။
အီရန်နိုင်ငံက ချက်ချင်းဆိုသလို လက်တုံ့ပြန်တဲ့အနေနဲ့ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေမှာရှိတဲ့ အမေ ရိကန်စစ်စခန်းတွေကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့အပြင် ဟော်မုဇ်ရေလက်ကြားထဲက သင်္ဘောနှစ်စီးကိုပါ တိုက်ခိုက်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်ဟာ ပြီးခဲ့တဲ့ ဧပြီလကချုပ်ဆိုထားတဲ့ အ ပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပြီး ဟော်မုဇ်ရေ လက်ကြားကို နောက်ထပ် အကြောင်းမပြန်မချင်း ပိတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
အခုလို ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်တဲ့အတွက် အဲဒီရေကြောင်းလမ်းကို ဖြတ်သန်းမယ့် ရေ နံတင်သင်္ဘောတွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေ အားလုံး သွားလာလို့ရတော့မှာ မဟုတ်ပါဘူး။
အမေရိကန်စစ်တပ်က သင်္ဘောတွေကို ဘေးကင်းအောင် ကူညီဖြတ်သန်းပေးနေတယ်ဆိုတဲ့ ဒေါ် နယ်ထရမ့်ရဲ့ ပြောကြားချက်တွေကိုလည်း အီရန်က ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်။
IRGC က ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ရေနံတင်သင်္ဘောနှစ်စီးကို တိုက်ခိုက်ခဲ့တယ် လို့ အတည်ပြုသလို ဘာရိန်းနိုင်ငံက ရှိတ်အီဆာလေတပ်စခန်း၊ ကူဝိတ်နိုင်ငံက အလီအယ်လ်ဆလမ်နဲ့ အာမတ်အယ်လ်ဂျာဘာ အမေရိကန်လေတပ်စခန်းတွေကိုလည်း ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တယ်လို့ ကြေညာခဲ့ ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ အီရန်ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ဆွေးနွေးနေတာတွေကို တမင်အချိန်ဆွဲပြီး အလှည့်အပတ်လုပ်နေ တယ်လို့ စွပ်စွဲလိုက်ပြီး အီရန်ကို ပြင်းပြင်းထန်ထန် ထပ်မံတိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါ တယ်။
“ဒီငြိမ်းချမ်းရေးစာချုပ် ကိစ္စ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ တကယ်တော့ ကျွန် တော်တို့ သဘောတူညီချက်ရဖို့ တကယ့်ကို လက်တစ်ကမ်းအကွာအထိ နီးစပ်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ က ကျွန်တော်တို့ကို အချိန်ဆွဲ မျှားခေါ်နေပြီး အူကြောင်ကြောင် ငတုံးတွေလို သဘောထားပြီး လှည့်စား နေကြတာ” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
ကိုးကား – Al Jazeera
Ref; Iran attacks Bahrain, Kuwait, closes Hormuz Strait after fresh US strikes