ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

အိုမန်ကမ်းလွန်မှာ အမေရိကန်ကြည်းတပ်ရဲ့ အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်း ပျက် ကျခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန်စစ်တပ်ဟာ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေပြီလို့ အင်္ဂါ နေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အခုတိုက်ခိုက်မှုဟာ အီရန်ရဲ့ အကြောင်းမဲ့ ရန်စ ကျူးကျော်မှုအပေါ် မျှတတဲ့ လက်တုံ့ပြန်မှုဖြစ်တယ်လို့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။

အီရန်ဟာ ဟော်မုဇ်ရေလက်ကြားအနီး အမေရိကန်ရဲ့ ခေတ်မီ အပါချီရဟတ်ယာဉ်ကို ပစ်ချခဲ့တာ လို့ စစ်ဘက်က ပြောပြချက်အရ သိရကြောင်းနဲ့ အမေရိကန်အနေနဲ့ မဖြစ်မနေ ပြန်လည်တုံ့ပြန်ရမယ်လို့ ဒေါ်နယ်ထရမ့်က ကြုံးဝါးခဲ့ပြီးနောက် အခုလို ဗုံးကြဲမှုတွေ ဖြစ်လာတာပါ။

အီရန်က ပိတ်ဆို့ထားတဲ့ အဲဒီအရေးပါတဲ့ ရေကြောင်းလမ်းအနီးမှာ ရဟတ်ယာဉ် ပျက်ကျချိန်က ပါသွားတဲ့ အမေရိကန်စစ်သည်နှစ်ဦးကို အမေရိကန်စစ်တပ်ရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မောင်း သူမဲ့ ကယ်ဆယ်ရေးလှေကိုသုံးပြီး
ဘေးကင်းရန်ကင်း ဒဏ်ရာမရဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးယက်အဘတ်စ်အရတ်ချီက အဲဒီရေလက်ကြားဟာ အမေရိကန် ကမ်းခြေနဲ့ မိုင်ပေါင်းထောင်ချီ ဝေးပါတယ်။ အီရန်နယ်နိမိတ်နားကို လာရောက်ပတ်သက်နေတဲ့ ပြည်ပ စစ်တပ်တွေဟာ သူတို့ဘာသာ လူသားချင်းမှားယွင်းတာ၊ မတော်တဆဖြစ်တာ ဒါမှမဟုတ် တိုက်ပွဲကြား ညှပ်တာတွေကြောင့် အမြဲတမ်း အန္တရာယ်ရှိနေနိုင်တယ်၊ ဒီအန္တရာယ်ကင်းချင်ရင် အကောင်းဆုံးက ဒီနေ ရာကနေ ထွက်သွားကြဖို့ပဲလို့ လူမှုကွန်ရက်ကနေ တုံ့ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက အီရန်နဲ့ အစ္စရေးတို့ ပစ်ခတ်မှုဖြစ်ပြီး အီရန်လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး တင်းမာနေတဲ့ နှစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဟာ ပိုပြီးတော့ ပျက်ပြားလုနီးပါး အခြေအနေကို ရောက်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့ တဲ့ ဒီစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးတစ်ခုလုံး လှုပ်ခတ်သွားခဲ့ပြီး တစ်ကမ္ဘာလုံးမှာ စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်ကုန်သလို အစားအသောက်အပါအဝင် အခြေခံစားသောက်ကုန် တော်တော်များများလည်း ဈေး နှုန်းတွေ အဆမတန် ကြီးမြင့်လာခဲ့ရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလက ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။

အစ္စရေးနိုင်ငံက အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာကို နှိမ်နင်းဖို့ လက်ဘနွန်နိုင်ငံထဲ အထိ စစ်ဆင်ရေးတွေကို ပိုပြီး အရှိန်မြှင့်လာတာကြောင့် ပဋိပက္ခက ပိုပြီးတော့ အဖြေရှာရခက်ခဲနေတာ ဖြစ်ပါတယ်။

ကိုးကား – CBS
Ref; U.S. says it has begun strikes against Iran following crash of Army Apache helicopter off Oman coast