ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

 

ဧရာဝတီတိုင်း၊ သာပေါင်းနှင့် ရေကြည်အစပ်ကျေးရွာများတွင် ရွေးတုစစ်တပ်က စစ်လက်နက်ခဲယမ်း များပါ သယ်ဆောင်လာပြီး အခိုင်အမာစစ်စခန်းများ ဆောက်လုပ်လာကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် မေ ၂၆ ရက်မှ စတင်ကာ အင်အား ၃၀၀ ခန့်ဖြင့် ညောင်မှော် တောင် တန်းတွင် စခန်းချနေရာဝင်ယူခဲ့ပြီး အင်အားအနည်းငယ်ထားရှိကာ သာပေါင်းမြို့နယ် သရက်ကုန်း အုပ်စုရှိ ရွှေရင်မျှော်ကုန်းပေါ်တွင် စခန်းထိုင်ထားကြောင်း သိရသည်။

 

“ညောင်မှော်တောင်တန်းက မိုးဆိုရင် ရေဝင်တဲ့အတွက် ရွှေရင်မျှော်ကုန်းပေါ်မှာ စခန်းချဖို့ လှည်းနွား တွေပါ စုထားတယ်။ အဲဒီကတဆင့် သုံးတန်ဂူ၊ ကြောင်လျှာ၊ ခုနစ်တန်ဂူ လမ်းကြောင်းတွေ ဘက်က တက်သွားရင် မြောက်ဘက်ကို ကွေ့တာနဲ့ သီတာကုန်းပြင် အနောက်ဘက်ကို လမ်းကြောင်းပေါက် တယ်”ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေရင်မျှော်ကုန်းပေါ်တွင် စခန်းထိုင်နေသည့် စစ်တပ်တပ်ဖွဲ့ဝင်တချို့သည် ယမန်နေ့ မေ ၃၀ ရက်နေ့က ဆိုင်ကယ် ရှစ် စီးဖြင့် ဝါးတောကွင်းကျေးရွာဘက်သို့ တက်ရောက်သွားကြောင်း သိရသည်။ အဆိုပါ ရွှေရင်မျှော်ကုန်းပေါ်တွင် ညောင်မှော်တောင်တန်းမှ ပေါ်တာဆွဲခေါ်ယူသွားသည့် လှည်းများ၊ နွားများနှင့် ဆိုင်ကယ် ကယ်ရီသမားများကိုပါ စခန်းအရွှေ့အပြောင်းပြုလုပ်ရန် စုဆောင်းထားသည်။

 

စခန်းအခြေချရာနေရာမှ သုံးတန်ဂူ၊ ခုနစ်တန်ဂူလမ်း ကြောင်းများဘက်သို့လည်း တပ်ဖြန့်ရန် စစ်တပ်က ကြိုး ပမ်းနေပြီး ငဝန်မြစ်ကမ်းဘေးလမ်းကြောင်းများမှလည်း လမ်းကြောင်းသစ်ဖောက် အခြေပြုနိုင်ရန် ပြင်ဆင် စုဖွဲ့မှုများရှိနေသည်။

 

ရွေးတုစစ်တပ်က ၎င်းတို့အခြေချစခန်းထိုင်မည့်နေရာများတွင် ရွာသားများကို ပေါ်တာဆွဲကာ ကတုတ်ကျင်းတူးခိုင်းခြင်းနှင့် လက်နက်ခဲယမ်းများကို သယ်ဆောင်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

 

ဓာတ်ပုံ-AA Info Desk ၊ လူမှုကွန်ရက်