ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

 

မြန်မာနိုင်ငံရဲ့ရေရှည်ပြည်တွင်းစစ်ကို ဖြေရှင်းဖို့ တီမောလက်စ်တေ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ရာထူးမှအနားယူထားတဲ့ အရှေ့တောင်အာရှမှ ဗိုလ်ချုပ်ကြီးတစ်ဦးကို ဦးဆောင်ခိုင်းပြီး မြန်မာ ပဋိပက္ခမှာ ပါဝင်ပတ် သက်နေသူတွေအားလုံး အဖြေတစ်ခုရှာဖွေဖို့ အကြုံပြုလိုက်ပါတယ်။

 

စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲမှာ မိန့်ခွန်းပြောအပြီး ပရိသတ်တစ်ဦးရဲ့ မေးခွန်း ကို ပြန်လည်ဖြေကြားရာမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဟော်တာက အခုလို ပြောကြားခဲ့တာပါ။

 

“တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအားလုံးနဲ့ ဒီမိုကရေစီအင်အားစုတွေ ဟာ ကြိုတင်ကန့်သတ်ချက်တွေ၊ အစီအစဉ်တွေ ဘာမှမထားဘဲ တဲတစ်လုံးထဲမှာ အတူတကွ ဆုံစည်း ကြဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။

ဒီလိုအစည်းအဝေးမျိုးကို အရှေ့တောင်အာရှက ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ အထူးသဖြင့် ရာထူးမှ အနားယူထားတဲ့ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦးက လမ်းညွှန်ပေးနိုင်ရင် ကောင်းမယ်လို့ ၎င်း က အကြံပြုပါတယ်။

 

ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို အကန့် အသတ်မရှိ ဝင်ရောက်ခွင့်ပြုတာ အပါအဝင် မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို သက်သာစေ လိမ့်မယ်လို့ သူက ပြောပါတယ်။

 

“မြန်မာပြည်တွင်းစစ်ဟာ အောင်မြင်မှုတွေအများကြီး ရထားတဲ့ အာဆီယံရဲ့ မှတ်တမ်းကောင်းမှာ စွန်းထင်နေတဲ့ အမည်းစက်တစ်ခုပဲလို့ သူက ဆိုပါတယ်။

 

“ဒီစစ်ပွဲက တိုင်းပြည်တစ်ခုလုံး၊ စီးပွားရေးနဲ့ ပြည်သူတွေကို ပျက်စီးစေတဲ့ အင်အားကုန်ခမ်း စေမယ့်စစ်ပွဲ ဖြစ်ပါတယ်။ သာမန်အရပ်သားပြည်သူတွေ၊ တောင်သူလယ်သမားတွေ၊ ကျောင်းသား တွေနဲ့ လူငယ်တွေ သူတို့တွေပဲ တကယ်တမ်း ဒုက္ခခံနေရတာပါ” လို့ သူက ဆက်ပြောပါတယ်။

 

“ဒါက ထင်သလောက်တော့ မလွယ်ကူလှပါဘူး။ အဲဒီတုန်းက ကုလသမဂ္ဂနဲ့ ဒေသတွင်းနိုင်ငံတွေ အားလုံး ဝိုင်းဝန်းကူညီခဲ့ကြတာပါ။ ကျွန်တော့်အနေနဲ့ တစ်ခါတရံ အမေရိကန်ဘက်ကို ဒီက စစ်တပ်နဲ့ စကားပြောဖို့ ကူညီပေးနိုင်မယ့် အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်းတစ်ယောက်လောက် ပို့ပေးပါလားလို့ တောင်းဆိုရင် သူတို့ ပို့ပေးကြတာပဲ” လို့ ၎င်းက ပြောပါတယ်။

 

ကိုးကား – The Straits Times
Ref; Timor-Leste’s leader floats idea of retired South-east Asia general to guide Myanmar peace talks