ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံနဲ့ချုပ်ဆိုမယ့် ငြိမ်းချမ်းရေးသဘောတူညီချက် အပြီးသတ် ဆုံးဖြတ်ချက်ချဖို့ မေ ၂၉ ရက်မှာ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ အခြေအနေပြခန်းမမှာ လုပ်ခဲ့တဲ့ ဒီအစည်းအဝေးဟာ နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပေ မယ့် ဒေါ်နယ်ထရမ့်ဟာ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချဘဲ ထွက်ခွာသွားခဲ့တယ်လို့ New York Times သ တင်းစာက ဖော်ပြပါတယ်။
သဘောတူညီချက်ရဖို့ တိုးတက်မှုတွေ ရှိနေပေမယ့် ပိတ်ဆို့အရေးယူမှုတွေကြောင့် သိမ်းဆည်းခံ ထားရတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် အချို့သောအချက်တွေ ဆွေးနွေးဖို့ ကျန်နေသေးတယ်လို့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
ဒေါ်နယ်ထရမ့်က အစည်းအဝေးမတိုင်ခင်မှာ သူတောင်းဆိုထားတဲ့ အချက်တွေကို လူမှုကွန်ရက် ကနေတစ်ဆင့် ထပ်ခါတလဲလဲ ပြောခဲ့ပါသေးတယ်။
သဘောတူညီချက်ထဲမှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့နဲ့ အီရန်က နျူကလီးယားလက် နက် ဘယ်တော့မှ မပိုင်ဆိုင်ပါဘူးဆိုတဲ့ ကတိကဝတ်မျိုး ပါဝင်ရမယ်လို့ သူက ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ အမှန်နဲ့ အလိမ်အညာတွေ ရောနှောနေတာလို့ အီရန်က တုံ့ပြန်ခဲ့ပြီး ဆွေးနွေးနေတဲ့ သဘောတူညီချက်မူကြမ်းမှာ နျူကလီးယားဆိုင်ရာ ကိစ္စရပ်တွေ လုံးဝမပါဝင် ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့အတွက် အီရန်က အခြေအနေအချို့ကို သတ်မှတ်ထားပြီး ပိတ်ဆို့ခံထားရတဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ လက်ဘနွန် နိုင်ငံမှာ အပြည့်အဝ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ပဲ ဖြစ်ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာဂါဟီကတော့ နှစ်ဦးနှစ် ဘက် သဘောတူညီချက် မရသေးဘူးလို့ ပြောပါတယ်။
အမေရိကန်အရာရှိတွေကတော့ ကြားဖြတ်သဘောတူညီချက်တစ်ခု ရရှိထားပြီလို့ ကြာသပတေး နေ့က ပြောကြားခဲ့ကြတာပါ။
အဲဒီသဘောတူညီချက်အရ အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ အထိ သက်တမ်းတိုးမှာဖြစ် ပြီး အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို စတင်သွားမယ်လို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; Report: Trump delays final decision on peace deal with Iran