ဧရာဝတီတိုင်းမ်
‎မေ ၃၀ ရက်

‎ကနေဒါအခြေစိုက် Canadian Foresight Group ( CFG ) နှင့် ဩစတြေးလျအခြေစိုက်ကုမ္ပဏီ Transcontinental Group ၏လက်အောက်ခံကုမ္ပဏီ CFG Energy Pte ကုမ္ပဏီတို့က ထားဝယ်မြို့ရှိ ကမ်းလွန်လုပ်ကွက်၌ ယခုနှစ်ကုန်ပိုင်းတွင် ရေနံစတင်တူး‌ဖော်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

‎ယမန်နေ့က တနင်္သာရီတိုင်း ရွေးတုလွှတ်တော်ဥက္ကဌ ဦးမြတ်ကို နှင့် CFG Energy Pte ကုမ္ပဏီ၏ ဥက္ကဌ Mr. Shen Song Ning တို့အဖွဲ့သည် ထားဝယ်မြို့ရှိ တိုင်းလွှတ်တော်ရုံးတွင်တွေ့ဆုံကြောင်း ရွေးတုအစိုးရဖော်ပြထားသည်။

‎လက်ရှိတွင် ထားဝယ်ရှိ M – 15 ကမ်းလွန်လုပ်ကွက်၌လွန်းတူးဖော်ရေးဆောင်ရွက်နေခြင်း၊ EIA/SIA လုပ်နေမှုပါဝင်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ရေနံတူးဖော်ရေး စတင်အကောင်အထည်ဖော်မည်ဟု ပါဝင်သည်။

‎အဆိုပါ တနင်္သာရီကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက် M – 15 ကို TRG M 15 Pte ကုမ္ပဏီ၊ CFG Energy ကုမ္ပဏီ နှင့် Century Bright Gold ကုမ္ပဏီတို့က ၂၀၁၅ မတ် ၃၀ တွင် လုပ်ငန်းလုပ်ရန်ရရှိထားသည်။

‎ဥရောပသမဂ္ဂ ( EU ) နှင့် အမေရိကန်ပြည်ထောင်စုက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ( MOGE ) ကို နိုင်ငံတကာပိတ်ဆို့အရေးယူမှုချမှတ်ထားသည်။

‎လက်ရှိထားဝယ်ခရိုင်အတွင်း အာဏာရှင်စစ်တပ်၏ စစ်ကြောင်းများက နေရာအနှံ့တွင် ပေါ်လိုက်ပျောက်လိုက်ပုံစံမျိုးဖြင့် စစ်ကြောင်းထိုးနေ၍ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် အခြားတပ်ဖွဲ့များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ – MOGE