ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
ယူကရိန်းကျူးကျော်စစ် စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရ်ီလမှ လက်ရှိအချိန်အထိ ရုရှားစစ်သား ၅ သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဗြိတိန် အီလက်ထရွန်နစ်ထောက်လှမ်းရေးအေဂျင်စီရဲ့ အကြီး အကဲက ပြောကြားလိုက်ပါတယ်။
ဗြိတိန်အစိုးရ ဆက်သွယ်ရေးဌာနချုပ် (GCHQ) ရဲ့ ညွှန်ကြားရေးမှူး အန်းကီးစ်ဘတ္တလာက ပြီးခဲ့ တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ အခုလို ထည့်သွင်းပြောဆိုခဲ့ပြီး ဒီခန့်မှန်းချက်ဟာ အ သစ်ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေပေါ်မှာ အခြေခံထားတာလို့ ဆိုပါတယ်။
“ကျွန်မတို့ ယူကရိန်းကို ပြတ်ပြတ်သားသား ဆက်လက်ပံ့ပိုးကူညီနေချိန်မှာပဲ ပူတင်ဟာ စစ်မြေ ပြင်မှာ နောက်ဆုတ်နေရပြီဖြစ်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
“ရုရှားဟာ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကို ပစ်မှတ်ထားပြီး ပင်လယ်ရေအောက် ကြိုးလိုင်းတွေက နေ ဆိုက်ဘာလောကအထိ နည်းလမ်းစုံသုံး တိုက်ခိုက်မှုတွေကို နေ့စဉ်နဲ့အမျှ ပိုပြီး လုပ်ဆောင်နေတယ်” လို့ သူက သတိပေးပါတယ်။
ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို လျော့ပါးသွားစေဖို့အတွက် GCHQ အနေနဲ့ မဟာမိတ် ထောက်လှမ်း ရေး၊ စစ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ မနားမနေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အန်းကီးစ်ဘတ္တလာက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ ရုရှား သတင်းမီဒီယာနှစ်ခုဖြစ်တဲ့ Mediazona နဲ့ Meduza တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ကုန်ပိုင်းအထိ ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွားတဲ့ အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြား ရုရှားစစ်သည်အရေအတွက်ဟာ ၃ သိန်း ၅ သောင်းကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) သုတေသနအဖွဲ့ က အဲဒီကာလအတွင်းမှာ ရုရှားစစ်သည် သေဆုံးမှုအရေအတွက်ဟာ ၂ သိန်း ၇ သောင်းခွဲကနေ ၃ သိန်း ၂ သောင်းခွဲ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; UK spy agency head says nearly half a million Russian soldiers killed in Ukraine