ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်

မြန်မာသမ္မတ မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ဘယ်လောက်ပဲရှိနေပါစေ အိန္ဒိယအ စိုးရက မြန်မာနိုင်ငံအပေါ် လက်တွေ့ကျတဲ့မူဝါဒကိုပဲ ဆက်ကျင့်သုံးသွားမယ်လို့ အဆင့်မြင့်အရာရှိတစ်ဦး က မေ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။

ဝေဖန်မှုတွေ ရှိလို့လည်း မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေး တည်ဆောက်နေတာကို နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ၎င်းက အရိပ်အမြွက် ပြောခဲ့တာပါ။

ဒီပြောကြားချက်ဟာ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ် မေ ၃၀ ရက်မှာ မလာရောက်ခင် တစ်ရက်အလိုမှာ The Hindu သတင်းစာကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပတ်သက်ရင် လက်တွေ့ကျကျ စဉ်းစားဖို့ လိုတယ်လို့ သူက ထောက်ပြ ခဲ့ပြီး မဟုတ်ရင် ဒေသပြင်ပက တခြားအင်အားကြီးနိုင်ငံတွေက အခြေအနေကို အခွင့်ကောင်းယူသွားနိုင် တယ်လို့ ဆိုပါတယ်။

မေ ၂၉ ရက်ကလုပ်တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဟာဂျေဆွာလ်က အိန္ဒိယနဲ့ မြန်မာကြားမှာ ယဉ်ကျေးမှုချင်း ဆက်နွှယ်နေတဲ့ ရေ ရှည်သံယောဇဉ်ရှိတယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံလုံးက ပိုမိုကျယ်ပြန့်တဲ့ ရေရှည်ဆက်ဆံရေးကို ဆက်ထိန်းသွားရမယ်လို့ သူက ဆိုလိုတာ ပါ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစောပိုင်း ထုတ်ပြန်ချက်မှ မင်းအောင်လှိုင်ရဲ့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံကြား ကဏ္ဍစုံဆက်ဆံရေးကို ပိုပြီးတော့ ခိုင်မာနက်ရှိုင်းစေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

“ဒီခရီးစဉ်မှာ နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေကို ဘယ်လိုပိုပြီး မြှင့်တင်မလဲဆို တဲ့ အရေးကြီးတဲ့ စီးပွားရေးကဏ္ဍလည်း ပါဝင်ပါတယ်။ မြန်မာနဲ့ အိန္ဒိယကြား ဆက်ဆံရေးကဏ္ဍစုံကို ဆွေးနွေးသွားမှာပါ” လို့ ဂျေဆွာလ်က ပြောပါတယ်။

ခရီးစဉ်အတွင်း လုံခြုံရေးကိစ္စတွေနဲ့ လမ်းပန်းဆက်သွယ်ရေးစီမံကိန်း အခြေအနေတွေကို အိန္ဒိယ က ထည့်သွင်းဆွေးနွေးမှာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို သူက ဒီလို ဖြေကြားခဲ့တာ ဖြစ်ပါ တယ်။

ကိုးကား – The Hindu
Ref; India’s policy on Myanmar will be pragmatic, says official