ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ Quad နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပူး တွဲကြေညာချက်ထဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် အထူးစိုးရိမ်ကြောင်း ထည့်သွင်းပြော ဆိုထားပါတယ်။
Quad အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး တွေက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အကန့်အသတ်မရှိ ဘေးကင်းစွာ ပေးအပ်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ ထောက်ခံ ကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ ပြည်သူလူထု လိုလား တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ အပြု သဘောဆောင်သော ဆွေးနွေးပွဲတွေ ချက်ချင်းစတင်ဖို့လည်း တိုက်တွန်းထားပါတယ်။
အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ တရားမဝင် လက်နက်မှောင်ခိုမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ဆိုက်ဘာရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေ ကနေတစ်ဆင့် ပိုမိုကျယ်ပြန့်လာနေတာကြောင့် ဒါတွေကို ပူးပေါင်းတားဆီးသွားမယ်လို့ ဖော်ပြထားပါ တယ်။
မြန်မာ့အရေးကြောင့် အိမ်နီးချင်းနိုင်ငံတွေအပေါ် ရိုက်ခတ်လာတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု အန္တရာယ်တွေကို စိုးရိမ်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်သူတွေအတွက် လူသား ချင်းစာနာမှု အကူအညီတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့ လမ်းကြောင်းတွေ ဖွင့်ပေးထားရမှာဖြစ် ပြီး အကူအညီတွေကို လိုအပ်နေတဲ့သူတွေဆီ ဘက်လိုက်မှုမရှိဘဲ တိုက်ရိုက်ရောက်ရှိစေဖို့ အရေးကြီး တယ်လို့လည်း အလေးအနက် ထောက်ပြထားပါတယ်။
Quad အဖွဲ့အနေနဲ့ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းမှန်သမျှကို ဆက် လက်ပံ့ပိုးသွားမှာဖြစ်ပြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂအထူးကိုယ်စား လှယ်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ဝိုင်းဝန်းကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အဆိုပါ Quad နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အိန္ဒိယနိုင် ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
ကိုးကား – https://www.state.gov/releases/office-of-the-spokesperson
Ref; Joint Statement from the Quad Foreign Ministers’ Meeting in New Delhi