ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်နဲ့ အီရန်တို့က ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ ပြင်ဆင်နေ ကြပေမဲ့ တနင်္လာနေ့မှာတော့ အမေရိကန်ဘက်က အီရန်တောင်ပိုင်းကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ် လို့ အမေရိကန် စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဗိုလ်မှူး တင်ဟော့ကင်းက ဒီတိုက်ခိုက်မှုဟာ အီရန်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကနေ အမေရိကန်စစ်သည်တွေကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင်ခုခံပိုင်ခွင့်အရ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေကို ထုတ်ပြန်ချက်ထုတ်ပြီး ပြောထားပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ်တဲ့ နေရာတွေနဲ့ ပင်လယ်ထဲမှာ မိုင်းထောင်ဖို့ ကြိုးစား နေတဲ့ အီရန်လှေတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ ကာလအတွင်းမှာ အမေရိကန် ဗဟိုစစ်ဌာနချုပ်အနေနဲ့ အ တတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေသလို မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်အရလည်း ဆက်လက် ကာကွယ်သွားမယ်လို့ သူက ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားတစ်လျှောက်မှာရှိတဲ့ ဘန်ဒါအာဘတ်စ်မြို့အနီးမှာ ပေါက်ကွဲသံအမြောက် အမြား ကြားခဲ့ရပြီး မြို့ထဲမှာ လေကြောင်းရန်သတိပေး ဥဩသံတွေ မြည်ဟီးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ အီရန်နဲ့ ဆွေးနွေးပွဲတွေဟာ အဆင်ပြေပြေ တိုးတက်နေပါတယ်လို့ ရေးသားပြီး နာရီပိုင်းအကြာမှာပဲ အခုလို တိုက် ခိုက်မှုသတင်း ထွက်ပေါ်လာတာပါ။
အကယ်၍ သဘောတူညီချက်တစ်ခုသာ မရရှိဘူးဆိုရင် စစ်ပွဲဟာ အချိန်မရွေး ပြန်လည်ပေါက်ကွဲ သွားနိုင်တယ်လို့ ၎င်းက သတိပေးခဲ့ပါတယ်။
ကိုးကား – UPI
Ref; U.S. military says ‘defensive strikes’ carried out in southern Iran