ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

ပင်လယ်ကွေ့ဒေသမှာ ၃ လကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ညှိနှိုင်းမှုတွေအပေါ် မျှော်လင့်ချက်တွေ ရှိနေကြပေမယ့် အဓိက အငြင်းပွားဖွယ်အချက်တွေ မပြေလည်သေးတာကြောင့် အီ ရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ လောလောဆယ် အလျင်စလိုလုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန်နဲ့ ဆွေးနွေးနေတဲ့ သဘောတူညီချက်ဟာ အရင်သမ္မတ ဘာရက်အိုဘားမား လက်ထက် ၂၀၁၅ ခုနှစ်က လုပ်ခဲ့တဲ့ အီရန်နျူကလီးယား သဘောတူညီချက်နဲ့ လုံးဝဥဿုံ ကွဲပြားခြားနားတယ်လို့ သူ က ဆိုပါတယ်။

အိုဘားမားလက်ထက် သဘောတူညီချက်ဟာ သမိုင်းမှာ အဆိုးရွားဆုံး သဘောတူညီချက်တွေ ထဲကတစ်ခုဖြစ်ပြီး အီရန်နိုင်ငံကို နျူကလီးယားလက်နက် ထုတ်လုပ်နိုင်အောင် လမ်းဖွင့်ပေးခဲ့သလို ဖြစ် စေခဲ့တယ်လို့ ၎င်းက ဝေဖန်ခဲ့ပါတယ်။

အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ဖေဖော်ဝါရီ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးရဲ့ ၅ ပုံ ၁ ပုံနီးပါး ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ် ရေလက်ကြားဟာ အပြင်းအထန် ပိတ်ဆို့ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီရေလမ်းကြောင်းကို ပြန်ဖွင့်နိုင်မယ့် နားလည်မှုစာချွန်လွှာတစ်ခု ရရှိဖို့ အ တော်လေး ညှိနှိုင်းပြီးစီးနေပြီလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

တရားဝင် သဘောတူညီချက်တစ်ခုကို အပြီးသတ် ညှိနှိုင်း၊ အတည်ပြု၊ လက်မှတ်ရေးထိုးတဲ့အထိ မလုပ်ဆောင်နိုင်သေးခင် အီရန်နိုင်ငံရဲ့ သင်္ဘောလိုင်းတွေအပေါ် အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှုကို ဆက်လက် တင်းကျပ်ထားဦးမှာဖြစ်ပြီး နှစ်ဖက်စလုံးအနေနဲ့ အမှားအယွင်းမရှိစေဖို့ အချိန်ယူပြီး ပြင်ဆင် ရမယ်လို့ သူက ဆက်ပြောပါတယ်။

အီရန်နဲ့နီးစပ်တဲ့ တာ့စ်နင်သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်အစိုးရဟာ သဘောတူညီ ချက်ရဲ့ အစိတ်အပိုင်းအချို့ကို ပိတ်ဆို့ထားဆဲဖြစ်ပြီး အဲဒီအထဲမှာ ပြည်ပမှာ ပိတ်ဆို့ခံထားရတဲ့ အီရန်ရဲ့ ငွေကြေးတွေကို ပြန်လွှတ်ပေးဖို့ အီရန်ရဲ့ တောင်းဆိုချက်လည်း ပါဝင်နေပါတယ်။

အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးကတော့ အီရန်က ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာသဘောတူညီချက်မှ လက်မှတ်မထိုးဖြစ်ခဲ့ဘဲ ညှိ နှိုင်းရေးမှူးတွေက အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဆွေးနွေးနေကြတုန်းပဲလို့ ပြောပါ တယ်။

အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးမယ့်အစား ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေး ဖို့ အီရန်က မူအားဖြင့် သဘောတူထားသလို သိုလှောင်ထားတဲ့ သန့်စင်မှုအဆင့်မြင့် ယူရေနီယံတွေကို ဖယ်ရှားပစ်ဖို့လည်း သဘောတူထားတယ်လို့ အဆိုပါအရာရှိက ဆိုပါတယ်။

အီရန်က တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပေမယ့် အခုအဆိုပြုထားတဲ့ သဘောတူညီ ချက် မူဘောင်ကို အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ် အာယတိုလာမိုဂျတာဘာခါမေနီက အတည်ပြု ပေးလိုက်ပြီလို့ အမေရိကန်အစိုးရက ယုံကြည်နေကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

ကိုးကား – Reuters
Ref; Trump says US will not rush Iran peace deal as Hormuz blockade stays