ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

 

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသမှ ကျားဖြန့်လုပ်ငန်းတွေနဲ့ အဲဒီကရ လာတဲ့ ငွေကြေးခဝါချမှုတွေကို ဖော်ထုတ်သိမ်းဆည်းနိုင်မယ့် သတင်းအချက်အလက်ပေးရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ် ပြန်လိုက်ပါတယ်။

 

ဒီဆုကြေးငွေဟာ အမေရိကန်နိုင်ငံသားတွေကို ခရစ်ပတိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ မက်လုံးပေး မျှားခေါ်ပြီး လိမ်လည်နေတဲ့ ဂိုဏ်းအဖွဲ့အစည်းတွေကို ဖြိုခွဲပစ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ နိုင်ငံဖြတ် ကျော် ဆုကြေးငွေပေးအပ်ခြင်းအစီအစဉ်အရ သိရပါတယ်။

 

အခုဆုကြေးငွေကို အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ လိမ်လည်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးရာဗျူရို (INL) က သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီတိုင်ချန်းအဆောက်အအုံစုနဲ့ ပတ်သက်တဲ့ ဆုကြေးငွေထုတ်ပြန်မှုဟာ မကြာသေးမီက အမေရိကန် အစိုးရရဲ့ နှိမ်နင်းရေး ကြိုးပမ်းမှုတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

 

တရားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို ဦးစီးလုပ်ကိုင်နေပြီး ကမ္ဘော ဒီးယားနိုင်ငံမှာလည်း နောက်ထပ်တစ်ခု ထပ်မံထူထောင်ဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦး ကို တရားစွဲဆိုထားပါတယ်။

 

အမေရိကန်အစိုးရရဲ့ စာရင်းဇယားတွေအရ ၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှဒေသကနေ အခြေပြု လုပ် ဆောင်တဲ့ အွန်လိုင်းလိမ်လည်မှုတွေကြောင့် အမေရိကန်ပြည်သူတွေဟာ ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော်အထိ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဆုကြေးငွေထုတ်ထားတဲ့ တိုင်ချန်းအဆောက်အအုံစုထဲမှာတော့ ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ် နှံမှု လိမ်လည်မှုတွေအပါအဝင် အကြီးစား အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းခွင် အ ဆောက်အအုံ တော်တော်များများ ပါဝင်နေပါတယ်။

ကိုးကား – Cryptopolitan
Ref; US OFFERS $10M BOUNTY TO DISMANTLE BURMA’S TAI CHANG CRYPTO SCAM EMPIRE