ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

 

အမေရိကန် သတင်းဌာနတစ်ခုဖြစ်တဲ့ CBS ရဲ့ ဝါရှင်တန်အခြေစိုက် သတင်းထောက်တစ်ဦးက အိမ်ဖြူတော်အနီးပတ်ဝန်းကျင်မှာ သေနတ်သံ အချက်ပေါင်းများစွာ ကြားခဲ့ရတယ်လို့ လူမှုကွန်ရက်ပေါ် မှာ ရေးသားခဲ့ပါတယ်။

 

အဲဒီသတင်းထောက်ရဲ့ ပြောပြချက်အရ အာဏာပိုင်တွေက သူ့ကို ဘေးကင်းရာနေရာကို ရွှေ့ ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံခန်းမထဲမှာရှိနေပြီး အ ရှေ့အလယ်ပိုင်းဒေသက ခေါင်းဆောင်တွေနဲ့ ဖုန်းကနေတစ်ဆင့် အစည်းအဝေးလုပ်နေတာဖြစ်ပြီး လက် ရှိအချိန်ထိ အိမ်ဖြူတော်ထဲမှာပဲ ရှိနေသေးတယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညပိုင်းက အိမ်ဖြူတော်အနီး ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် သံသယရှိသူတစ်ဦး အပါအဝင် စုစုပေါင်း လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ သတင်းရင်းမြစ်အသီးသီး ကို ကိုးကားပြီး CBS သတင်းမှာ ဖော်ပြထားပါတယ်။

 

အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အိမ်ဖြူတော်ဝန်းအပြင်ဘက်က လမ်းဆုံတစ်ခုအနီးမှာ သေနတ်သံအချက်ရေ ၁၅ ချက်ကနေ ၃၀ ဝန်းကျင်လောက်အထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာဖြစ် တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ကိုးကား – NHK
Ref; US media: Gunshots heard outside White House, two wounded