ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် ကျားဖြန့်လုပ်ငန်း အဓိကခေါင်းဆောင်တွေ အပါအဝင် တရား ခံ ၅ ဦးကို တရုတ်နိုင်ငံသား ၄ ဦးအား သတ်ဖြတ်မှု အပါအဝင် ပြစ်မှုပေါင်းများစွာနဲ့ တရုတ်နိုင်ငံမှာ တရား စွဲဆို စစ်ဆေးခဲ့ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးမြို့ ပြည်သူ့တရားရုံးကနေပြီး ဒီအမှုကို မေလ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ကြားနာစစ်ဆေးခဲ့တာဖြစ်ပြီး၊ တရားခံတွေထဲမှာ ဝေဟွာရင်နဲ့ ချန်တာဝေတို့ လည်း ပါဝင်ပါတယ်။

အစိုးရရှေ့နေတွေရဲ့ ပြောပြချက်အရ ဝေဟွာရင်နဲ့ သူ့ရဲ့မိသားစုဟာ မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာ ရှိတဲ့ သူတို့ရဲ့ စစ်ရေးနဲ့နိုင်ငံရေး ဩဇာအာဏာတွေကို အသုံးချပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို တည်ထောင်ခဲ့ပါတယ်။

ဒီလို လိမ်လည်ရာကနေ ရရှိခဲ့တဲ့ တရားမဝင် ငွေကြေးပမာဏဟာ စုစုပေါင်း ယွမ် ၂ ဒသမ ၄ ဘီ လီယံ (အမေရိကန်ဒေါ်လာ ၃၅၃ သန်းခန့်) အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီရာဇဝတ်ဂိုဏ်းဟာ ငွေကြေးထောက်ပံ့ပေးတဲ့ စပွန်ဆာတွေအတွက် လက်နက်ကိုင် အကာအကွယ်ပေးမှုတွေ လုပ်ဆောင်ခဲ့သလို တရုတ်နိုင်ငံသား ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေ က ပြောပါတယ်။

တရားခံ ချန်တာဝေနဲ့ သူ့ရဲ့ ကြံရာပါတွေဟာလည်း တမင်သက်သက် လူသတ်မှု ကျူးလွန်ခဲ့တာ ကြောင့် နောက်ထပ် တရုတ်နိုင်ငံသား ၂ ဦး သေဆုံးခဲ့ရတယ်လို့ စွပ်စွဲခံထားရပါတယ်။

အစိုးရရှေ့နေတွေကတော့ ဝေဟွာရင်၊ ချန်တာဝေနဲ့ တခြားတရားခံတွေကို လိမ်လည်မှု၊ လူသတ် မှု အပါအဝင် တခြားသော ပြစ်မှုတွေနဲ့ ရာဇဝတ်ကြောင်းအရ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားပါ တယ်။

တရားခွင်စစ်ဆေးစဉ် အစိုးရရှေ့နေတွေက သက်သေအထောက်အထားတွေကို တင်သွင်းခဲ့ပြီး တ ရားခံတစ်ဦးချင်းစီနဲ့ သူတို့ရဲ့ ရှေ့နေတွေကလည်း အဆိုပါသက်သေတွေကို စစ်ဆေးခဲ့ပါတယ်။

နှစ်ဖက်စလုံးက သူတို့ရဲ့ လျှောက်လဲချက်တွေကို အသီးသီး တင်ပြခဲ့ကြသလို တရားခံတွေက လည်း သူတို့ရဲ့ နောက်ဆုံးစကားတွေကို ပြောကြားခဲ့ကြပါတယ်။

ဒီတရားခွင် စစ်ဆေးမှုတွေကို တရုတ်နိုင်ငံရဲ့ ဥပဒေပြုအမတ်တွေ၊ နိုင်ငံရေးအကြံပေးတွေ၊ သ တင်းထောက်တွေ၊ ပတ်သက်ဆက်နွှယ်သူတွေရဲ့ မိသားစုဝင်တွေနဲ့ အများပြည်သူတွေကလည်း လာ ရောက်စောင့်ကြည့်ခဲ့ပါတယ်။

ကိုးကား – Xinhua
Ref; Prime suspects linked to northern Myanmar telecom fraud group stand trial in east China