ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
အမေရိကန်ရဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ လုပ်ငန်းစဉ်တွေဟာ စိစစ်ဖို့ နှစ်နဲ့ချီ ကြာမြင့်လေ့ ရှိပြီး လက်ရှိ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့လည်း လုံးဝ သက်ဆိုင်မှုမရှိဘူးလို့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်း မြစ်တစ်ခုက ပြောပါတယ်။
အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက အရှေ့အလယ်ပိုင်း ပဋိပက္ခအတွက် လက်နက်အလုံအ လောက် ရှိဖို့လိုအပ်တာကြောင့် ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ခေတ္တရပ်ဆိုင်းထားနိုင်တယ်လို့ ပြောဆို ခဲ့ပြီးနောက်မှာ အခုလို ပြန်လည်ရှင်းလင်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ဟာ အမေရိကန်ဒေါ်လာ ၁၄ ဘီ လီယံအထိ တန်ဖိုးရှိနိုင်မယ့် လက်နက်ဝယ်ယူခွင့် အဆိုပြုချက်ကို အမေရိကန်အစိုးရက အတည်ပြုပေး မှာကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီလအစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး နောက်မှာ အဆိုပါ လက်နက်အရောင်းအဝယ် အစီအစဉ်ကို အတည်ပြုပေးဖို့ ရှိ၊ မရှိ ဆိုတာကို မဆုံးဖြတ်ရ သေးကြောင်း ပြောကြားခဲ့လို့ ထိုင်ဝမ်အစိုးရဘက်မှာ အခြေအနေတွေ မရေမရာ ဖြစ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့တုန်းမှာ အမေရိကန် ရေတပ်ယာယီဝန်ကြီး ဟန်းချောင်းက ဆီးနိတ် ဘဏ္ဍာခွဲဝေမှုဆိုင်ရာ ကာကွယ်ရေးဆပ်ကော်မတီ ကြားနာပွဲမှာ ပြောကြားခဲ့ရာမှာ အမေရိကန်အနေနဲ့ အီရန်ကို တိုက်ခိုက်နေတဲ့စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ အလုံအလောက်ရှိဖို့ သေ ချာအောင် ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေကို ခေတ္တရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းမြစ်တစ်ခုရဲ့ ထောက်ပြချက်အရ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်ကိစ္စကို မကြာခင်မှာ ဆုံးဖြတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီလက်နက်ရောင်းချမှု လုပ်ငန်းစဉ်တွေက ပြီးပြတ်ဖို့ နှစ်နဲ့ချီ ကြာမြင့်တတ်တာမို့ အီရန်စစ်ဆင် ရေးနဲ့ လုံးဝမသက်ဆိုင်ပါဘူး” လို့ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ခဲ့ တဲ့ စစ်ပွဲကို ရည်ညွှန်းပြီး အဆိုပါသတင်းမြစ်က ပြောပါတယ်။
“အမေရိကန်စစ်တပ်မှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ စစ်ဗျူဟာမြောက် ရည်မှန်းချက်တွေအားလုံးနဲ့ ထိုထက်မကသော ကိစ္စရပ်တွေကိုပါ ဆောင်ရွက်နိုင်ဖို့ ခဲယမ်းမီးကျောက်နဲ့ လက်နက်အရန်အင်အားတွေ အလုံအလောက်ထက်ကို ပိုရှိနေပါတယ်” လို့လည်း ၎င်းက ဆိုပါတယ်။
မေလ ၂၂ ရက်နေ့မှာ အမေရိကန်ရဲ့ လက်နက်ရောင်းချမှု နှောင့်နှေးကြန့်ကြာနေတယ်ဆိုတဲ့ ကိစ္စ နဲ့ပတ်သက်ပြီး ဘာအချက်အလက်မှ လက်ခံရရှိထားတာမျိုး မရှိဘူးလို့ ထိုင်ဝမ်အစိုးရက ပြောကြားခဲ့ပါ တယ်။
တရုတ်နိုင်ငံက အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချနေတာတွေကို ချက်ချင်းရပ် တန့်ဖို့ အကြိမ်ကြိမ် တောင်းဆိုထားတာ ဖြစ်ပါတယ်။
ထိုင်ဝမ်အစိုးရက တရုတ်အစိုးရရဲ့ အချုပ်အခြာအာဏာ ပိုင်စိုးမှုဆိုင်ရာ ပြောဆိုချက်တွေကို ပယ် ချထားပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ တုံ့ပြန်ထား ပါတယ်။
ကိုးကား – Reuters
Ref; US arms sales to Taiwan unrelated to Iran war, source says