ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
အမေရိကန်နိုင်ငံအနေနဲ့ ပိုလန်နိုင်ငံဆီကို နောက်ထပ် တပ်ဖွဲ့ဝင် ၅၀၀၀ ထပ်မံစေလွှတ်သွားမယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အခုလို တပ်ဖွဲ့ဝင် တိုးမြှင့်စေလွှတ်ရတဲ့ အကြောင်းရင်းဟာ ပိုလန်နိုင်ငံရဲ့ ကွန်ဆာဗေးတစ် အမျိုး သားရေးဝါဒီ သမ္မတ ကာရိုလ်နာဗရော့စကီးနဲ့ သူ့အကြားရှိတဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့်ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ဒီကြေညာချက်ဟာ ပိုလန်နိုင်ငံသို့ အမေရိကန်စစ်တပ် စေလွှတ်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းထား တယ်လို့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး နှစ်ရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ဥရောပမှာရှိတဲ့ စစ်အင်အားအခြေအနေကို ပြန်လည်သုံးသပ်နေပြီး ဥရော ပကာကွယ်ရေးမှာ နေတိုးအဖွဲ့က အခုထက်ပိုပြီး တာဝန်ယူသင့်တယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆို ချက်တွေကြောင့် ဥရောပရောက် အမေရိကန်စစ်အင်အားကို လျှော့ချလိမ့်မယ်လို့ လူအများက မျှော်လင့်ခဲ့ တာပါ။
“ကျွန်တော်ကိုယ်တိုင် ဂုဏ်ယူဝံ့ကြွားစွာနဲ့ ထောက်ခံပေးခဲ့ပြီး အခုတော့ သမ္မတဖြစ်လာခဲ့ပြီဖြစ် တဲ့ ကာရိုလ်နာဗရော့စကီးရဲ့ အောင်မြင်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ သူနဲ့ ကျွန်တော်ကြားရှိတဲ့ ဆက်ဆံရေး အပေါ် အခြေခံပြီး ပိုလန်နိုင်ငံဆီကို နောက်ထပ် တပ်ဖွဲ့ဝင် ၅၀၀၀ ထပ်မံစေလွှတ်သွားမယ်လို့ ဝမ်းမြောက် ဝမ်းသာ ကြေညာအပ်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မေလမှာ ဒေါ်နယ်ထရမ့်ဟာ နာဗရော့စကီးကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ဖူးသ လို ပိုလန်ရွေးကောက်ပွဲမတိုင်ခင် အရေးကြီးတဲ့အချိန်အတောအတွင်းမှာ သူ့ကို အားပေးခဲ့ပါတယ်။
နာဗရော့စကီးဟာ ဥရောပလိုလားတဲ့ အလယ်အလတ်ဝါဒီဖြစ်တဲ့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်ခ်ရဲ့ပါတီမှ ကိုယ်စားလှယ်ကို အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Trump says US will send additional 5,000 troops to Poland