ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက် နေပြီလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး သဘောတူညီမှု မရဘူးဆိုရင်တော့ စစ်ရေးအရ တိုက်ခိုက်ဖို့ အဆင် သင့်ပဲလို့လည်း သတိပေးလိုက်ပါတယ်။
“ကျွန်တော်တို့ အီရန်ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားပြီးသားပါ။ လိုအပ်ရင် ဒီထက်မက ပြင်း ထန်အောင် ထပ်လုပ်ရနိုင်သလို မလုပ်ဘဲလည်း နေနိုင်ပါတယ်။ အီရန်ကို နျူကလီးယားလက်နက် ပိုင် ဆိုင်ခွင့်ပေးပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံး အစ္စရေးအပါအဝင် အားလုံးကို ဖျက်ဆီးခွင့်ပြုမှာ မဟုတ်သ လို ဒီကနေတစ်ဆင့် ကျွန်တော်တို့ကိုပါ လာပြီး အန္တရာယ်ပြုမယ့်အဖြစ်မျိုးတော့ လုံးဝ အဖြစ်ခံမှာ မဟုတ် ပါဘူး” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အီရန်ဘက်က အရင်တင်ပြထားတဲ့ အဆိုပြုချက်အပေါ် အမေရိကန်က တိုက်ပွဲတွေရပ်တန့်ဖို့ ဆွေးနွေးမယ့် အဆိုပြုချက်အသစ်တစ်ခုကို ပြန်လည်ပေးပို့ထားတယ်လို့ သိရပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါဂါလီဘတ်ဖ်က အမေရိကန်ဟာ စစ်ပွဲအသစ်တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေတာလို့ လူမှုကွန်ရက်မှာ ရေးသားလိုက်ပါတယ်။
အီရန်က အညံ့ခံလိမ့်မယ်လို့ မျှော်လင့်နေရင်တော့ မှားသွားလိမ့်မယ်လို့ သူက ပြောဆိုခဲ့ပြီး အီရန် စစ်တပ်ဟာ အပစ်အခတ်ရပ်စဲရေးကာလကို အသုံးချပြီး စစ်အင်အားကို ပြန်တည်ဆောက်ထားတယ်လို့ သတိပေးလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ပြောပြချက်ကို ကိုးကားပြီး အီရန်မီဒီယာတွေက ဖော်ပြရာမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ရေနံတင်သင်္ဘောနဲ့ ကုန်သေတ္တာတင်သင်္ဘော အပါအဝင် ရေယာဉ်စုစုပေါင်း ၂၆ စီး ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်္ဘောတွေဟာ အီရန်နိုင်ငံရဲ့ ခွင့်ပြုချက်၊ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့အတူ စနစ်တကျ ဖြတ် သန်းသွားခဲ့ကြတာလို့ သိရပါတယ်။
ကိုးကား – NHK
Ref; Trump warns of ‘even harder’ military strikes against Iran