ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

ဆွေးနွေးပွဲလုပ်တယ်ဆိုတာ အရှုံးပေးတာမဟုတ်သလို အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေကို အပြုသဘောဆောင် တုံ့ပြန်မှာဖြစ်ပေမဲ့ ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ဘူးလို့ အီရန်သမ္မတ မာဆွတ်ပီ ဇက်ရှ်ကီယန်က ပြောကြားလိုက်ပါတယ်။

သမ္မတ ပီဇက်ရှ်ကီယန်က တနင်္လာနေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် ရေးသားရာမှာ အီရန်နိုင် ငံအနေနဲ့ ဆွေးနွေးပွဲတွေကို ဂုဏ်သိက္ခာရှိရှိ မိမိတို့ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝကာကွယ် ပြီး တက်ရောက်သွားမှာဖြစ်သလို ဘယ်လိုအခြေအနေမျိုးမှာမဆို ပြည်သူနဲ့ နိုင်ငံတော်ရဲ့ တရားဝင်ရပိုင် ခွင့်တွေကနေ နောက်ဆုတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားကို အသုံးပြုပြီး ပြည်သူတွေကို အကောင်းဆုံးအကျိုးပြုသွားမှာ ဖြစ်သလို အီရန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကိုလည်း ကာကွယ်စောင့်ရှောက်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တိုက်ခိုက်မှုဆိုင်းငံ့တဲ့ ဆုံးဖြတ်ချက်အပေါ် အီရန်ဉသျှောင်ရဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မိုဆန်ရီဇာအီက လှောင်ပြောင်လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ကိုယ်တိုင် စစ်ရေးအရ တိုက်ခိုက်မယ့် နောက်ဆုံးအချိန် သတ်မှတ်ခဲ့ပြီးမှ ပြန်ဖျက် သိမ်းခဲ့တာဖြစ်ကြောင်းနဲ့ အီရန်ပြည်သူတွေနဲ့ အာဏာပိုင်တွေကို အရှုံးပေးလာအောင် ဖိအားပေးနိုင်လိမ့် မယ်ဆိုပြီး အချည်းနှီး မျှော်လင့်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အီရန်နိုင်ငံရဲ့ အင်အားတောင့်တင်းတဲ့ စစ်တပ်နဲ့ ပြည်သူလူထုကြီးရဲ့ စုစည်းညီညွတ်မှုက အမေရိ ကန်ကို နောက်ဆုတ်သွားအောင်နဲ့ အရှုံးပေးသွားအောင် ဖိအားပေးနိုင်လိမ့်မယ်လို့လည်း ရီဇာအီက ဆိုပါ တယ်။

ကိုးကား – NHK
Ref; Iranian president: We will talk with US, but not surrender