ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေ ကြန့်ကြာနေတာကြောင့် အီရန်နိုင်ငံအနေနဲ့ အချိန်သိပ်မရှိ တော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာမှာ “အီရန်အနေနဲ့ အမြန်ဆုံး ဆောင်ရွက် သင့်ပါတယ်။ သို့မဟုတ်ပါက အီရန်အတွက် မည်သည့်အရာမှ ကျန်ရှိတော့မည်မဟုတ်။
အချိန်ဟာ အလွန် အရေးကြီးပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဖုန်းဖြင့် ဆွေးနွေးခဲ့ပြီးနောက် အ ဆိုပါသတိပေးချက် ထွက်ပေါ်လာတာပါ။
ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်က နောက်ဆုံးတင်ပြထားတဲ့ အဆိုပြုချက်များအပေါ် အမေရိကန် က တုံ့ပြန်ရာမှာ တစ်စုံတစ်ရာ ထင်သာမြင်သာရှိသော လိုက်လျောမှုမျိုး ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အီ ရန်မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်က အလျှော့ပေးညှိနှိုင်းမှု မရှိပါက ဆွေးနွေးပွဲတွေဟာ ရှေ့မတိုးသာတဲ့ အကျပ်အ တည်းအခြေအနေ ဆိုက်ရောက်သွားမယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာန Mehr က သတင်းထုတ်ပြန်ပါ တယ်။
ဒေါ်နယ်ထရမ့်ရဲ့ အဆိုပါသတိပေးချက်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း အပစ်အခတ်ရပ်စဲရေး မကြေ ညာမီ စစ်ပွဲအဆုံးသတ်မယ့် သဘောတူညီချက်ကို အီရန်က မလိုက်လျောပါက လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ထပ်မံအတည်ပြုလိုက်တာပါ။
ဒေါ်နယ်ထရမ့်က အီရန်တောင်းဆိုချက်များကို လုံးဝ လက်ခံနိုင်စရာမရှိကြောင်း တုံ့ပြန်ပယ်ချခဲ့ ပြီးနောက် လက်ရှိ အပစ်အခတ်ရပ်စဲရေး အခြေအနေမှာ အသက်ရှူစက် တပ်ထားရလောက်အောင် အ လွန်စိုးရိမ်ရတဲ့ အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သတိပေးခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါဟီက ၎င်းတို့၏ တောင်း ဆိုချက်တွေဟာ တာဝန်သိမှုရှိပြီး သဘောထားကြီးလွန်းလှသည့် တောင်းဆိုချက်တွေသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ကိုးကား – BBC
Ref; Trump warns ‘clock is ticking’ for Iran as peace progress stalls